ရွှေဘိုခရိုင်အတွင်း အောက်တိုဘာလ တတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်တွင် စပါး/ဆန်ဈေးနှုန်းများတည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှု မှာ အောက်တိုဘာလ ဒုတိယအပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၆၃၀၀၊ မန္တလေးသို့ အိတ်ရေ ၁၇၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၂၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၄၄၃၀၀အိတ်၊ တန်အားဖြင့် ၂၂၁၅တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇၅၀၀၊ မန္တလေးသို့ အိတ်ရေ ၁၇၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၂၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၂၀၀၊ စုစုပေါင်းအိတ်ရေ ၄၃၂၀၀အိတ်၊ တန်အားဖြင့် ၂၁၆၀တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၁၀၀အိတ်၊ တန်အားဖြင့် ၅၅တန်လျော့နည်း၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ အောက်တိုဘာလ  တတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် (၂၀၂၂-၂၀၂၃)ခုနှစ်ထွက်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ်၁၈၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)