မကွေးကုန်စည်ဒိုင်၌ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော နှမ်းနှင့် ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်မြို့တို့အပြင် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်းသိရသည်။

    မကွေးကုန်စည်ဒိုင်တွင်၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)၌ နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၂၆၉၀၀)ဖြစ်ပြီး (၁)ရက်လျှင် (၄၅)ပိဿာဝင် အိတ်ဖြင့် အိတ်ရေ (၄၀၀)ခန့်၊ နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၀၉၉၅၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၂၄၀)ခန့်၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၁၁၇၀၀၀) ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၄၀၀)ခန့်၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ်(၁၀၂၀၀၀)ဖြစ်ပြီး (၁)ရက် လျှင် အိတ်ရေ (၁၀၀)ခန့်၊ နှမ်းနက်(ရိုးရိုး)(၁)တင်းလျှင် ကျပ်(၁၀၆၉၅၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၁၂၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခု (ဒုတိယပတ်)တွင် နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၅၃၀)၊ နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၃၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၁၃၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ် (၁၃၀)ဖြင့် အသီးသီးဈေးမြင့်ခဲ့ပြီး နှမ်းနက်(ရိုးရိုး)မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရသည်။ အောက်တိုဘာလ(ဒုတိယပတ်)၌ မကွေးမြို့မှ မန္တလေးမြို့သို့ တင်ပို့မှုအနေဖြင့် နှမ်း(၅၀၀၀)အိတ်နှင့် ရန်ကုန်မြို့သို့ နှမ်း(၁၈၂၄)အိတ်၊ စုစုပေါင်းနှမ်း (၆၈၂၄)အိတ်တင်ပို့ခဲ့ကြောင်းသိရသည်။

     ပဲဈေးနှုန်းများမှာလည်း အောက်တိုဘာလ (ဒုတိယပတ်)၌ ပဲတီစီမ်း(၁)တင်းလျှင် ကျပ် (၆၁၀၀၀)ဖြစ်ပြီး (၁)ရက်လျှင်(၃၀)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ (၈၁)အိတ်ခန့်၊ ကုလားပဲ(HL) (၁)တင်း လျှင် ကျပ်(၉၂၄၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၂၈၀)အိတ်ခန့်၊ ကုလားပဲ(929)(၁)တင်းလျှင် ကျပ် (၉၃၂၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၁၂၀)အိတ်ခန့်၊ ပဲကြီးဖြူ (၁)တင်းလျှင် ကျပ်(၉၆၉၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၁၀၀)အိတ်ခန့်၊ ပဲကြီးမဲ(၁)တင်းလျှင် ကျပ်(၈၄၉၃၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၄၀)အိတ်ခန့်၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၈၃၀၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၄၀) အိတ်ခန့်၊ မြေပဲလုံးဆံဖြူ(၁)တင်းလျှင် ကျပ်(၉၂၄၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၃၀၀)အိတ်ခန့်၊ မြေပဲလုံးဆံနီ(၁)တင်းလျှင် ကျပ်(၁၀၉၂၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၈၀)အိတ်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခု(ဒုတိယပတ်)တွင် ပဲတီစိမ်းမှာ ကျပ်(၅၀)ဈေးမြင့်ခဲ့ပြီး ကုလားပဲ(HL)ကျပ်(၄၀)၊ ကုလားပဲ(929)ကျပ်(၂၀)၊ မြေပဲလုံးဆံနီ ကျပ်(၈၀၀) အသီးသီးဈေးလျော့နည်းခဲ့ပြီး ပဲကြီးဖြူ၊ ပဲကြီးမဲ၊ မတ်ပဲ၊ မြေပဲလုံးဆံဖြူတို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရသည်။ မကွေးမြို့မှ မန္တလေးမြို့သို့ အောက်တိုဘာလ(ဒုတိယပတ်)၌ တင်ပို့မှုအနေဖြင့် မြေပဲ(၂၀၀၀)အိတ်၊ ကုလားပဲ(၂၀၀၀)အိတ်နှင့် ရန်ကုန်မြို့သို့ မြေပဲ(၅၀၀)အိတ်၊ ကုလားပဲ (၁၀၀၀) အိတ်၊ ပဲတီစိမ်း(၁၀၀)အိတ်၊ စုစုပေါင်း(၅၆၀၀)အိတ်တင်ပို့ခဲ့ကြောင်း မကွေးကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)