အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၁-၁၀-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၀၀၀၀-၃၃၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၁၇-၁၀-၂၀၂၃) ရက်နေ့တွင် ကျပ်(၂၇၅၀၀၀-၃၃၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၇၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၇၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ နှမ်းနီမှာ ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၀၀၀၀၀)၊  နှမ်းဖြူမှာ  ယခင်အပတ်တွင် ကျပ်(၃၁၀၀၀၀-၃၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၁၀၀၀၀-၃၂၀၀၀၀)ဖြစ်၍  ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅) ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၃၈၀၀)အိတ်၊ နှမ်းနီ(၁၉၀)အိတ်၊ နှမ်းဖြူ(၂၇၀)အိတ်၊ နှမ်းပြာ (၄၃၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရသည်။

    ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၈၁၅၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၆၅၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီး ယခင်အပတ်တွင် ကျပ်(၁၀၀၀၀၀-၁၀၃၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၀၅၀၀၀-၁၀၇၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀-၅၀၀၀) စသည်ဖြင့် ဈေးမြင့်ခဲ့ပါသည်။ ကုလားပဲ(H-L)မှာ ယခင်အပတ်တွင် ကျပ်(၉၂၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၂၅၀၀)၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၁၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၂၈၀)အိတ်၊ ကုလားပဲ(H-L)(၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၈၅၀)အိတ်၊ ပဲကြီး(၄၂၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၅၈၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့နည်းခဲ့ပါသည်။ မြေပဲတောင့်အစိုမှာ (၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၆၀၀၀-၁၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀-၂၀၀၀) ဈေးလျော့နည်းခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ (၇၅၀) အိတ်၊ မြေပဲတောင့်အစို တင်း(၄၇၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ်ပုံမှန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခုအပတ်တွင် အရောင်းအဝယ်အနည်းငယ်နည်းပါးကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)