မကွေးတိုင်းဒေသကြီး၏ မြေပဲဈေးကွက်နှင့် ရောင်းဝယ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် (၃)လမြေပဲများကို မေလတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ရိတ်သိမ်းကြသောကြောင့် မြေပဲများလှိုင်လှိုင်ပေါများနေပြီဖြစ်ပါသည်။ (၆)လမြေပဲမှာလည်း ယခုအချိန်တွင် စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပြီဖြစ်ပါသည်။

  (၃)လမြေပဲပေါ်စအချိန်တွင် မြေပဲတောင့်ဈေးမှာ တစ်တင်းလျှင် ကျပ် (၂၃၁၀၀)၊ မြေပဲဆံလုံး (သစ်)တစ်ပိဿာလျှင် ကျပ်(၆၅၀၀-၆၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့သည်။ အောက်တိုဘာလ လဆန်းပိုင်းတွင် မြေပဲတောင့်ဈေးမှာ တစ်တင်းလျှင် ကျပ်(၂၆၆၀၀)၊ မြေပဲဆံဈေးမှာလည်း အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင်  ကျပ်(၆၇၀၀-၆၈၀၀)ဖြင့် ဈေးအနည်းငယ်တက်ခဲ့သည်။ ဒုတိယအပတ်တွင် အရောင်းအဝယ်အနည်းငယ်အေးပြီး ပဲဆံဈေးမှာ ကျပ်(၆၁၀၀ - ၆၂၀၀)သို့ ဈေးကျသွားသည်ကိုတွေ့ရှိရသည်။

     အောက်တိုဘာလ (တတိယပတ်)တွင် သတင်းကျွတ်ချိန်ကာလနီးလာသောကြောင့် ဆီများကြိတ်ခွဲတင်ပို့မှုများပြားလာပြီး မြေပဲတောင့်၊ မြေပဲဆံများလည်းဝင်ရောက်မှုများလာပါသည်။ မြေပဲတောင့်ဈေးမှာ တစ်တင်းလျှင် ကျပ်(၂၄၅၀၀ - ၂၄၆၀၀)၊ မြေပဲဆံဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် (၅၅၀၀ - ၆၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ် (၁၄၅၀၀ - ၁၅၀၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)ဖြင့် ရန်ကုန်၊ ပြင်ဦးလွင်၊ အောင်ပန်း၊ ဖားကန့်မြို့များသို့ တစ်နေ့လျှင် ပိဿာ (၁၄၀၀ - ၁၆၀၀)ကြားတင်ပို့နေရကြောင်း သိရှိရပါသည်။

DOCA(မကွေး)