ကသာမြို့တွင် စားအုန်းဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲဝေချထားသည့် စားအုန်းဆီများအား ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကြီးကြပ်၍ စားအုန်းဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို  စားအုန်းဆီကုန်သည်များနှင့် ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများသို့ ရောင်းချပေးလျက်ရှိရာ ၂၀၂၃ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့ နံနက်(၇:၃၀)နာရီမှစ၍ ကသာမြို့၊ မြို့တော်ခန်းမတွင် ပြည်သူများသို့ စားအုန်းဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ပါသည်။

         ရောင်းချသည့် ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် (၅၈၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ ရောင်းချနေမှုအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်း အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပြီး  ဆက်လက်၍လည်း စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် မူတည်၍ ခရိုင်အတွင်း မြို့နယ်များရှိ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အား ထပ်မံရောင်းချပေးသွားရန် အစီအစဉ်များရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)