ပခုက္ကူခရိုင်အတွင်းဖြစ်ပေါ်နေသော မြေပဲဆံဈေးနှုန်းဈေးကွက်နှင့် မြေပဲဆုံဆီဈေးနှုန်းဈေးကွက်

Powered by Drupal

     ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးကြပါ သည်။ ယခုအခါတွင် သုံးလမြေပဲများဖြိုင်ဖြိုင်ပေါ်နေပြီး မြေပဲဆံဈေးမှာလည်းအနည်းငယ်ကျ ကြောင်းသိရှိရပါသည်။ ပခုက္ကူခရိုင်အတွင်းသို့ မြိုင်မြို့နယ်ရှိရွာများ၊ ရေတောင်ဘက်ရှိရွာများ၊ ပခုက္ကူ မြို့အနောက်ဘက်ရှိရွာများမှ သုံးလမြေပဲများမှာ အရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် သုံးလမြေပဲ၏  အခွံပါ အတောင့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၇၀၀-၃၆၀၀) ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် လက်ကားဈေးမှာ မြေပဲဆံအလုံးအသေး/ အကြီးပေါ်မှုတည်၍  တစ်ပိဿာလျှင်  (၅၈၀၀ )ကျပ်မှစ၍  (၆၀၀၀ -၆၁၀၀)ကျပ်၊ မြေပဲဆံပြန့်ရှယ် တစ်ပိဿာလျှင် (၅၇၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

     မြေပဲဆံ(၃) လပဲများဖြိုင်ဖြိုင်ပေါ်သည့်အလျောက် မြေပဲဆုံဆီလုပ်ငန်များလည်း တွင်ကျယ်စွာလည်ပတ်လျက်ရှိပါသည်။ ပခုက္ကူမြိုနယ်တွင် ဆုံဆီလုပ်ငန်းများမှာ ယခင်ထက် တွင်ကျယ် စွာလုပ်ကိုင်လာကြပါသည်။  မြေပဲဆုံဆီကြိတ်ရာတွင် မြေပဲဆံများကို ပြာတီးသန့်စင်ခြင်း၊ မြေပဲအပုတ်စေ့များကိုရွေးထုတ်ပြီးမှာသာ မြေပဲဆံကြိတ်ရကြောင်း၊ မြေပဲဆံ(ပဲလေး)တစ်ပိဿာကြိတ်လျှင်  ဆီ(၄၀-၄၂)ကျပ်သားထွက်ရှိကြောင်း၊ မြေပဲတစ်စုံကြိတ်လျှင် (၅) ပိဿာကြိတ်ရပြီး ဆီထွက်ရှိမှုမှာ  (၂)ပိဿာနှင့် (၁၀) ကျပ်သားထွက်ရှိကြောင်း၊ မြေပဲဆုံကြိတ်ခမှာ တစ်စုံလျှင် (၇၀၀)ကျပ်ရှိပြီး မြေပဲစုံ(၇)စုံရှိကြောင်း မြေပဲစုံကြိတ်သူထံမှသိရှိရပါသည်။ အောက်တိုဘာလ(ဒုတိယပတ်)တွင် မြေပဲဆုံဆီတစ်ပိဿာလျှင် (၁၄၅၀၀)ကျပ်မှ (၁၅၀၀၀) ကျပ်ဖြင့်ရောင်းချနေကြောင်း၊ ဈေးကွက်အနေဖြင့်  ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့တင်ပို့နေကြောင်း၊ ယခုသီတင်းကျွတ်ရာသီအချိန်တွင်  ဆုံဆီ အချိန် (၁၀)ပိဿာဝယ်လျှင်  မြေပဲဆံ(၅၀)ကျပ်သားလက်ဆောင်ပေးလျက်ရှိကြောင်း ပခုက္ကူမြို့ နယ်ဆုံဆီလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)