ဘိုကလေးမြို့နယ် (၈)ရပ်ကွက် အ.လ.က(ခွဲ)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်(၁၇-၁၀-၂၀၂၃)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ် (၈)ရပ်ကွက်ရှိ အ.လ.က(ခွဲ)ကျောင်းတွင် ကျောင်းဆရာ/ဆရာမ (၁၈)ဦး နှင့် ကျောင်းသား/ကျောင်းသူ (၁၆၀)ဦး စုစုပေါင်း (၁၇၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

   အသိပညာပေးဟောပြောရာတွင် မြို့နယ်တာဝန်ခံက FDA မှ စားသုံးရန်မသင့် ကြေငြာထားသော အစားအစာများအကြောင်း၊ဓါတုဆိုးဆေးသိကောင်းစရာအကြောင်း၊ကုန်အညွှန်းအမှတ်အသားအားမြန်မာဘာသာဖြင့် ဖော်ပြထားသော မုန့်များအားဝယ်ယူစားသုံးရန်နှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြထားခြင်း မရှိသော မုန်များအား စားသုံးရန်မသင့်ကြောင်း အသားလုံး၊ အသားပြားဝယ်ယူစားသုံးရာတွင် FDA ၏ထောက်ခံချက်ပါရှိမှသာဝယ်ယူစားသုံးရန်၊ သက်တမ်းလွန်အစားအစာများအားဝယ်ယူစားသောက်ခြင်း မပြုရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာဖြစ်ပါက လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ လူမှုကွန်ယက်မှဖြစ်စေ၊ Call Center  1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)