ဘိုကလေးမြို့နယ်ရှိ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် လုပ်ငန်းရှင်(၂၆)ဦးအား မြို့နယ်တာဝန်ခံရုံး ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးဆီ(ဘူးဆီ)၊ဟင်းသီးဟင်းရွက်ဆီများတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်း အမှတ်အသားများနှင့် FDA ထောက်ခံချက်ပါသော ဘူးဆီများအကြောင်း၊ စားအုန်းဆီ များနှင့် ပက်သက်၍ ဈေးနှုန်းမြင့်တက် ရောင်းချခြင်းမရှိစေရေး၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အမြတ်၂% ၊သယ်ယူစရိတ် ၁၀% နှင့် အညီ ရောင်းချရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊မသမာသည့် လုပ်ဆောင်မှု များ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊တရားမဝင် ကုန်စည်များကိုဈေးကွက်အတွင်း ရောင်းချခြင်း မပြုကြရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)