ဘိုကလေးမြို့ Top Oneသုံးထောင့်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSME လုပ်ငန်း ဖွံ့ဖြိုးရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

          ဘိုကလေးမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ အမှတ်(၁ ) ရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင်မုန့်များ ထုတ်လုပ်ရောင်းချနေသည့် Top Oneမုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် Top One မုန့်လုပ်ငန်းမှ သုံးထောင့်မုန့်၊ အငံ မုန့်များ ထုတ်လုပ် လျက်ရှိကြောင်း၊ သုံးထောင့်မုန့်ထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းများအနေဖြင့် (သကြား၊ဂျုံ၊ ကြက်ဥ၊ ဆီ၊ ရေသန့်) ဖြစ်ပြီး အငံမုန့်ထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းများမှာ (ဂျုံ၊ သကြား၊ မြေပဲ၊ ကြက်သွန်နီကြော်၊ နှမ်း၊ ဆီ၊ ရေသန့်များ ပါဝင်ပြီး အဆိုပါ မုန့်(၂)မျိုး၏  တနေ့ထုတ်လုပ်မှု မှာ ဘူးအရေအတွက်မှာ (၄၅၀) ဘူးခန့် ဖြစ်ကြောင်း၊ ဈေးကွက်အတွင်းရောင်းဝယ်မှု အခြေအနေပေါ်မူတည်၍ နေ့စဉ် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ မုန့်တစ်ဘူးလျှင် သုံးထောင့်မုန့် (၆)ခု ပါရှိပြီး အငံမုန့် အနေဖြင့် (၈)ခုပါဝင်ကြောင်း၊ တစ်ဘူးလျှင် လက်ကားဈေးနှုန်း (၂၁၅၀)ကျပ်ဖြစ်၍ လက်လီဈေးနှုန်းမှာ (၂၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက် အခြေအနေပေါ်မူတည်၍ ဒေသတွင်းနှင့် ကဒုံ၊ဧရာ၊မော်ကျွန်းဒေသများသို့ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်းသိရပါသည်။

     ထို့နောက်တာဝန်ခံက ထုတ်လုပ်သည့် ကုန်စည်များနှင့် ပက်သက်၍ စားသုံးသူများ ဘေး အန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားသော  ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကိုလည်း ကုန်စည်ထုပ်ပိုးမှုအပေါ်တွင် စနစ်တကျထည့် သွင်းဖော်ပြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)