ရွှေဘိုမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။ (၂၀.၁၀.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်အား ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၃)ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၁)ဦးတို့ ပူးပေါင်း၍တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုချက်အမှတ် DRC No.နှင့် Insert ပါရှိခြင်း မရှိသော Parbisure အမှတ်တံဆိပ်ပါ ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စစ်ဆေးသည့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် Parbisure အမှတ်တံဆိပ်ပါဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် Towards Ultimate Company Limited မှ ဂျာမနီနိုင်ငံထုတ် Parbinex IV/HV Injection အကြောအားဆေးအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းရောင်းချလျက်ရှိပါကြောင်း၊ အဆိုပါဆေးနှင့် (Composition & Strength) ဘူးခွံ Design ဆင်တူဖြင့် Parbisure အမှတ်တံဆိပ်ပါ ဆေးဝါးများကို တရားမဝင်တင်သွင်းဖြန့်လျက်ရှိပြီး အခြားသောမြို့များတွင် ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး (သောက်ဆေးနှင့်လိမ်းဆေး)များ၊ ကျန်းမာရေးအထောက်ကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွန်းအမှတ်အသားအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)