ဈေးကွက်အတွင်းရောက်ရှိလာသော ဒေသထွက်ကန်စွန်းဥ

Powered by Drupal

    ကန်စွန်းဥကို မြန်မာပြည်ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ကန်စွန်းဥမှာ ကန်စွန်းပင်၏ အမြစ်ဥမှရရှိပြီး အရောင်မှာပန်းရောင်ဖြစ်ကာ အတွင်းသားအရောင်မှာ လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင် စသည်ဖြင့် အရောင်အမျိုးမျိုးရှိပါသည်။ ကန်စွန်းဥကို စိုက်ပျိုးရာတွင် သဲမြေ၊ နုန်းမြေများတွင်စိုက်ပျိုးကြပြီး ကန်စွန်းညွန့်ကိုယူ၍ စိုက်ပျိုးကြပါသည်။ အပင်များအား စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်ပြီး မြေများအားပြုပြင်၍ ၅ပေအကျယ်တွင် စိုက်ပျိုးရပါသည်။ အပင်များအား စိုက်ပျိုးပြီး မြေပြင်မှအပင်များထွက်ပေါ်လာသည့်အခါ အပင်ခြေတွင် မြေများဖို့ပေးရပါသည်။ အပင်စိုက်ပြီးအစောပိုင်းတွင် ပေါင်းမြက်များ မကြာခဏ ရှင်းပေးရပါသည်။ အပင်စိုက်ပြီး နှစ်လခွဲအကြာတွင် အပင်ခြေရင်းတွင် မြေများဖို့ပေးရပါသည်။ ကန်စွန်းဥများအား ဈေးကောင်း ရရန်အတွက် မရင့်မီအရွယ်ရောက်သောဥများကို စောစွာတူးဖော်၍ ရောင်းချရပါသည်။

   ကန်စွန်းဥကို ပြုတ်စားခြင်း၊ ကြော်စားခြင်းဖြင့် အမျိုးမျိုးပြုလုပ်စားသောက်၍ရပါသည်။ ကန်စွန်းဥများအား သဲမြေ၊ နုန်းမြေများရရှိသော ရွှေတောင်မြို့နယ်ဒေသအတွင်းရှိသော မင်းတဲကျွန်း၊ စစ်ကိုင်းကျွန်း စသည့်ဒေသများတွင် အများအပြား စိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ကန်စွန်းဥများအား ဒေသဈေးကွက်အတွင်းရောင်းချရာတွင် ကန်စွန်းဥတစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)