ပြည်မြို့နယ်၏ရေထွက်ပစ္စည်းဈေးနှုန်းများ

Powered by Drupal

   ပြည်မြို့နယ်အတွင်းရှိ မြို့မစည်ပင်သာယာဈေးများတွင် ငါး၊ ပုစွန်စသည့် ရေထွက်ပစ္စည်းများ ရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာတတိယပတ်တွင် ဖြစ်ပေါ်နေသော ရေထွက်ပစ္စည်း ဈေးနှုန်းများမှာ ငါးသလဲထိုး တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ ငါးနုသန်းတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ငါးခူတစ်ပိဿာလျှင်(လယ်ကြား) ၂၀၀၀၀ကျပ်၊ ကွန်းမန်ငါး တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ကပ်သပိုး(မြစ်) တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ငါးဝက်မ တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမီးလောင်ငါး တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ငါးဇင်ရိုင်း တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးလူးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ မြစ်ငါးတန် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ငါးကြင်း(ဖြူ)ခုတ်သား တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ငါးမြစ်ချင်း (ခုတ်သား) တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ မြစ်ပုစွန်ထုပ် (အကြီး)တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်၊ မြစ်ပုစွန်ထုပ်(အလတ်) တစ်ပိဿာလျှင် ၂၉၀၀၀ကျပ်၊ မြစ်ပုစွန်ထုပ်(အသေး)တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ပဲပြားပုစွန် တစ်ပိဿာလျှင် ၂၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)