ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသိပညာပေး တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၀ရက်နေ့  နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်(၂၅)ဦးနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးက ဆန်လုပ်လုပ်ငန်းရှင်များဆွေးနွေးကြရာ ဓနုဖြူနယ်ရှိ ဆန်စက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြဆွေးနွေးခြင်း၊ ဆန်စပါးဈေးကွက်တည်ငြိမ်ရေး ဆွေးနွေးခြင်း၊ Gasifierသုံးဆန်စက်များအနေဖြင့် ရေစစ်ကန်များကို စနစ်တကျလုပ်ငန်းဆောင်ရွက်စေ လုပ်ကိုင်ခြင်းများပြုလုပ်ရန်ဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကိုစီးပွားရေး လုပ်ငန်းရှင်များ သိရှိရန် ဥပဒေပါအချက်အလက်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)