ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၂၀.၁၀.၂၀၂၃)နေ့တွင် (၁၀:၀၀)နာရီ အချိန်တွင် ဓနုဖြူမြို့နယ် မြို့မဈေးအတွင်းရှိ မုန့်ဟင်းခါး၊ ခေါက်ဆွဲဖတ်၊ မျှစ်၊ ငရုတ်သီးမှုန့်၊ မျှင်ငပိဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော ကုန်မျိုးစုံအား မိတ်ဖက်ဌာနဖြစ်သော FDA ဌာနနှင့်အတူ ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဓနုဖြူမြို့မဈေးအတွင်းရှိ အစားအသောက်နှင့် အလှကုန်များ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲဖတ်၊ မျှစ်၊ ငရုတ်သီးမှုန့်၊ မျှင်ငပိဆိုင်များနှင့် ရောင်းချသည့်ဆိုင်များတွင် FDAမှ စားသုံးရန်/သုံးစွဲရန်မသင့်သော အစားအသောက်များ၊ ခွင့်မပြုဓာတုဆိုးဆေးများ ပါဝင်မှုရှိ/မရှိကို ဓာတ်ခွဲစစ်ဆေးနိုင်ရန် ဈေးကွက်နမူနာကောက်ယူစစ်ဆေးခြင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်း ရှိ/မရှိစစ်ဆေးခြင်းကိုလည်းကောင်း ပူးပေါင်း၍ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)