
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဒေသထွက်ခရမ်းချဉ်သီး စံချိန်တင် စျေးကောင်း ရရှိသော်လည်း အထွက်နှုန်း နည်းပါးချိန် ရောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
ခရမ်းချဉ်ကို မြေတစ်ဧကလျှင်၁၀၀ဂရမ်နှုန်း ပျိူးထောင်ရန်အပင်အရေအတွက် (၈၀၀၀)မှ (၁၀၀၀၀)ထိဝင်အောင်စိုက်ပျိုးနိုင်ကြောင်း၊ ရာသီဉတုအေးသောကြောင့် ပိုးမွှားကျရောက်မှုနည်းပြီး တောင်သူများအတွက် အထွက်နှုန်းတိုးကာ ဝင်ငွေကောင်းစေကြောင်း သိရှိခဲ့ရပါသည်။ ယခုအခါ စိုက်ပျိုးသူ ဦးရေနည်းပါးသော်လည်း စားသုံးသူဦးရေ များပြားသောကြောင့် ခရမ်းချဉ်စျေးနှုန်းမှာ အလွန် ကောင်းလျှက်ရှိကြောင်း၊ ခရမ်းချဉ် အပင်တစ်ပင်လျှင် (၄)ပိဿာ မှ (၆)ပိဿာအထိ ထွက်နှုန်း ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်ကခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀-၁၅၀၀)ကျပ်ထိသာ ရှိသော်လည်း ယခုအခါဒီဇင်ဘာလအတွင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၂၈၀၀-၃၅၀၀)ကျပ်အထိစျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)