မအူပင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၂၀.၁၀.၂၀၂၃ ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြစ် မအူပင်မြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် () ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်ခြင်း ရှိ/မရှိ၊ သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့သည်။ အလားတူ ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်မျာကိုလည်း ၁၇.၁၀.၂၀၂၃ ရက်နေ့က ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် စက်သုံးဆီ ရောင်းချမှုအခြေအနေနှင့် ဆီလက်ကျန်သိုလှောင်ကန်များကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)