မအူပင်မြို့နယ် ဈေးနှင့် ဈေးတန်းများရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် (၂၀.၁၀.၂၀၂၃)နေ့တွင် (၁၀:၀၀)နာရီ အချိန်တွင် မအူပင်မြို့နယ် အခွန်လွတ်ဈေးနှင့် မြို့မဈေးအတွင်းရှိ စားအုန်းဆီရောင်းချသောဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

        စစ်ဆေးရာတွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများအား ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များအား ပြောကြားခဲ့ပါသည်။

      လုပ်ငန်းရှင်များသိရှိနိုင်ရန် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ် ထုတ်ပြန် ပေးလျက်ရှိပါကြောင်း၊ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချ ခဲ့သည့်အပေါ် မိမိတို့ခရိုင်၊ မြို့နယ်အတွင်း ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်း ဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချ စေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့ကို စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်စွာနှင့်  ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

DOC(ဧရာဝတီ)