သနပ်ပင်မိုးစပါးဈေးနှုန်းမြင့်တက်၍တောင်သူအကျိုးအမြတ်ပိုလာ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  သနပ်ပင်မြို့နယ်တွင် စပါးများမှာ ယခင်လထက်  ဈေးမြင့်တက်လာကြောင်းကိုသိရှိရသည်။ သနပ်ပင်မြို့နယ်တွင်မိုးစပါး        (၁၇၉၀၄၆)    ဧက စိုက်ပျိုးခဲ့ပြီး ၊ တစ်ဧကလျှင်ပျမ်းမျှ ၆၁.၆၄တင်းနှုန်း ထွက်ရှိ်ကြောင်းသိရှိရပါသည်။  ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်း စပါးတင်း (၁၀၀) လျှင် (၆၀၀၀၀၀_၆၅၀၀၀၀)ထိ သာဈေးရရှိ၍ တချို့တောင်သူကြီးများမှာ စပါးများကို ထုတ်မရောင်းဘဲ ဈေးကောင်းစောင့် ၍လက်ဝယ် သိုလှောင်ထားကြောင်းကိုသိရှိရသည်။

       မိုးစပါးစိုက်ပျိုးစရိတ်တစ်ဧကလျှင် (နှစ်သိန်းရှစ်သောင်း)    ခန့်ကုန်ကျခဲ့ပြီး အစိုဓာတ် လျော့နည်းလာသောကြောင့်တင်း(၁၀၀)လျှင် ၇၂၀၀၀၀ကျပ်နှုန်းဖြင့် ရောင်းချနိုင်သည့်အတွက် မိုးစပါးစိုက် တောင်သူဦးကြီးများအနေဖြင့် ယခင်ထက်ဈေးနှုန်းပိုမိုရရှိလာခြင်းကြောင့် အကျိုးအမြတ် ပိုမိုရရှိလျက် ရှိကြောင်း သတင်းရရှိပါသည်။