မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း မုံရွာမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၆၀၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင် (၅၇၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၅၀၀) ကျပ်အထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်အထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ (၉၀၀၀) ကျပ်အထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၉၀၀၀)ကျပ်မှ (၉၅၀၀) ကျပ်အထိ၊ ချင်းတက်တစ်ပိဿာလျှင် (၃၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်အထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက်  (၁၅၀၀၀)  ကျပ်မှ (၁၆၀၀၀) ကျပ်အထိ၊ အာလူးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်မှ (၂၅၀၀) ကျပ်အထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၂၂၀၀)ကျပ်အထိတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥ လက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၃၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံးလျှင် (၄၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ အသားငါးဈေးနှုန်းမှာ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၇၄၀၀) ကျပ်မှ  (၈၀၀၀) ကျပ်အထိ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၃၀၀၀)ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     အောက်တိုဘာလ စတုတ္ထပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အောက်တိုဘာလ တတိယပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ဈေးနှုန်းကွာဟမှုမရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေး၌ ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)