ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း အောင်ပန်းမြို့၏ ကုန်စည်စီးဆင်းမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများသာမက ပြည်တွင်း ကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိပါသည်။ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်း အမှန်တကယ်ဖြစ်ပေါ်နေသော ကုန်စည်ဈေးနှုန်းဈေးကွက်အခြေအနေများကို သုံးသပ် ဖော်ပြလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့နယ်၏ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကုန်စည်ဈေးနှုန်းဈေးကွက် အခြေအနေများမှာ ပြောင်း တစ်ပိဿာလျှင် လက်ကားဈေး(၅၈၀) ကျပ်ဖြင့် (၅၄၅)တန်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၃၁၀၀)ကျပ်ဖြင့် (၃၅၇)တန်၊ အာလူး တစ်ပိဿာလျှင် (၂၂၀၀)ကျပ်ဖြင့် (၇၃၂)တန်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် (၁၄၀၀)ကျပ်ဖြင့် (၉၀၁)တန်၊ ပန်းမုံလာ တစ်ပိဿာလျှင် (၅၅၀)ကျပ်ဖြင့် (၂၇၉)တန်၊ ချင်း(သစ်) တစ်ပိဿာလျှင် (၅၂၀)ကျပ်ဖြင့် (၂၀၁)တန်၊ နနွင်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် (၇၃)တန်၊ ချင်းခြောက် တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် (၆၀)တန်၊ မုံညှင်းဖြူ တစ်ပိဿာလျှင် (၅၅၀)ကျပ်ဖြင့် (၃၁)တန်၊ ခရမ်းသီး တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဖြင့် (၅၇)တန်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၇၀၀)ကျပ်ဖြင့် (၃၂၄)တန်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၃၈၀၀)ကျပ်ဖြင့် (၁၀)တန် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ အောင်ပန်းကုန်စည်ဒိုင်မှ ကုန်စည်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ တပ်ကုန်း၊ မုံရွာ၊ မိတ္ထီလာ၊ ပြည်၊ မြဝတီ၊ မော်လမြိုင်မြို့များသို့ ကုန်စုံကားကြီး၊ ကားငယ်များဖြင့် ပုံမှန်စီးဆင်း လျက်ရှိပါကြောင်း သိရှိရပါသည်။

          ၂၀၂၁ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ပြောင်းသီးနှံ၊ ကြက်သွန်ဖြူ၊ ချင်း(သစ်)၊ နနွင်းနှင့် ချင်းခြောက်တို့မှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေသော်လည်း ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိနေ ပါကြောင်း၊ ပြောင်းသီးနှံဈေးနှုန်းမှာ ယခင်အပတ်တွင် အမြင့်ဆုံးဈေး(၆၁၀)ကျပ်အထိရှိခဲ့ပြီး ယခု အပတ်တွင် အမြင့်ဆုံးဈေး(၅၈၀)ကျပ်သာရှိကြောင်း၊ ကြက်သွန်ဖြူဈေးနှုန်းမှာ ယခင်အပတ်တွင် အမြင့်ဆုံးဈေး(၃၁၀၀)ကျပ်အထိရှိခဲ့ပြီး ယခုအပတ်တွင် အမြင့်ဆုံးဈေး(၃၀၀၀)ကျပ်သာရှိကြောင်း၊ ချင်း(သစ်)သီးနှံဈေးနှုန်းမှာ ယခင်အပတ်တွင် အမြင့်ဆုံးဈေး(၅၅၀)ကျပ်အထိရှိခဲ့ပြီး ယခုအပတ်တွင် အမြင့်ဆုံးဈေး(၅၂၀)ကျပ်သာရှိကြောင်း၊ နနွင်းဈေးနှုန်းမှာ ယခင်အပတ်တွင် အမြင့်ဆုံးဈေး(၂၅၀၀)ကျပ်အထိရှိခဲ့ပြီး ယခုအပတ်တွင် အမြင့်ဆုံးဈေး(၂၀၀၀)ကျပ်သာရှိကြောင်း၊ ချင်းခြောက်ဈေးနှုန်းမှာ ယခင်အပတ် တွင် အမြင့်ဆုံးဈေး(၂၂၀၀)ကျပ်အထိရှိခဲ့ပြီး ယခုအပတ်တွင် အမြင့်ဆုံးဈေး(၂၀၀၀)ကျပ်သာရှိကြောင်းနှင့် အခြားသီးနှံများမှာ ဈေးနှုန်းအတက်အကျမရှိဘဲ တည်ငြိမ်နေကြောင်း အောင်ပန်းဈေးကွက်မှ လေ့လာသိရှိခဲ့ရပါသည်။

DOCA(ရှမ်း)