ဆိပ်ဖြူ(မိုး)စပါး စိုက်ပျိုးထွက်ရှိမှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်မြင့်မြင့်သန်းသည် ဆိပ်ဖြူမြို့နယ်အတွင်းရှိ မကျီးစု ကျေးရွာသို့ (၄.၁.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် စေရေးအတွက် (မိုး)စပါးစိုက်တောင်သူ ဦးငြိမ်းမောင်၏ စပါးစိုက်ပျိုးထွက်ရှိမှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေကို ကွင်းဆင်းလေ့လာခဲ့ရာ မကျီးစုကျေးရွာသည် အိမ်ခြေ(၁၁၀)ခန့် ရှိပြီး လူဦးရေ(၆၀၀)ခန့်ရှိကြောင်း နှစ်စဉ်စပါးနှင့် ကြက်သွန်နီကို အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီ စိုက်ပျိုးမှုလျော့နည်းသွားပြီး စပါးကိုနွေ၊ မိုး၊ ဆောင်းသုံးရာသီလုံး စိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်နှစ်က နွေစပါးစိုက်ပျိုးရာတွင် အရှုံးပေါ်မှုများသောကြောင့် စိုက်ပျိုးမှု နည်းသွားသော်လည်း မိုးစပါးနှင့်ဆောင်းစပါးစိုက်ဧကမှာများပြားကြောင်း၊ မကျီးစုကျေးရွာတွင် (မိုး) စပါးစိုက်ဧက (၄၀၀)ခန့် စိုက်ပျိုးပြီး "ဆင်းသုခနှင့် ဧရာပဒေသာ" စပါး(၂)မျိုးကိုသာ အဓိကထား စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် (မိုး) စပါးစိုက်တောင်သူ ဦးငြိမ်းမောင်သည် စပါး(၅)ဧကခန့် စိုက်ပျိုး ထားရှိပြီး "ဧရာပဒေသာ"စပါးမျိုးကိုသာ အဓိကထားစိုက်ပျိုးကြောင်း၊ (မိုး)စပါးတင်း(၃၈၀)ခန့် ထွက်ရှိ ကြောင်း၊ တစ်ဧကလျှင် စပါး(၇၇)တင်းခန့်ပျမ်းမျှထွက်ရှိကြောင်း၊ ယခုနှစ်သည် ရာသီဥတု ကောင်းမွန် ပြီးမိုးရွာသွန်းမှု အကြိမ်ရေများသည့်အတွက် စပါးအထွက်နှုန်းကောင်းမွန်ခြင်းဖြစ်ကြောင်း သိရှိရပါ သည်။
(မိုး)စပါးစိုက်ပျိုးနိုင်ရန်အတွက် ဩဂုတ်လတွင် မိမိဒေသထွက် စပါးမျိုးစေ့ကိုသာ ပျိုးထောင် ကြောင်း၊ တစ်ဧက စိုက်ပျိုးရန်အတွက် စပါးတစ်တင်းခန့် ပျိုးထောင်ရကြောင်း၊ ပျိုးထောင်ပြီး (၄၅)ရက်ကြာလျှင် ပျိုးပင်နှုတ်ရကြောင်း၊ စပါးမျိုးစေ့ပျိုးသည်မှ ပျိုးပင်ရသည်အထိ ကုန်ကျစရိတ်မှာ ကျပ်(၄)သောင်းဝန်းကျင်ခန့်ကုန်ကျကြောင်း သိရှိရပါသည်။ (၄၅)ရက်သက်တမ်းရှိသော စပါးပျိုးကို စက်တင်ဘာလတွင်စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးပြီး (၂)လခန့်အကြာတွင် စပါးနှံထွက်ရှိကြောင်း၊ ဒီဇင်ဘာလလယ်ခန့်တွင် စပါးရင့်မည့်၍ စတင်ရိတ်သိမ်းကြကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ သက်တမ်း(၃)လခွဲခန့်ကြာကြောင်း သိရှိရပါသည်။ တစ်ဧက(မိုး)စပါးစိုက်ပျိုးမှု ကုန်ကျစရိတ်မှာ မြေပြုပြင်ရာတွင် နွားရှဉ်း(၂)ရှဉ်း ငှားရမ်းရပြီး တစ်ရှဉ်းလျှင် ငွေကျပ်(၁)သောင်းဈေးနှုန်းရှိကြောင်း၊ ထွန်စက်ဖြင့်မြေပြုပြင်ရာတွင် (၂)နာရီခန့်ကြာပြီး (၁)နာရီလျှင် ကျပ်(၃)သောင်းခွဲဈေးနှုန်းပေးရ၍ (၆၀၀၀ဝိ/-) ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ကြိုးတန်းပြီး စိုက်ပျိုးရကြောင်း၊ စပါးစိုက်ခ၊ ရိတ်သိမ်းခ၊ အစည်းထုံးခအတွက် အလုပ်သမားဦးရေ(၃၀)ဦးခန့် ငှားရမ်းသုံးစွဲရကြောင်း၊ တစ်ဦးလျှင် နေ့တွက် လုပ်အားခ(၄၀၀၀)ကျပ်နှုန်းဖြင့်ပေးရသည့်အတွက် လုပ်သားခစုစုပေါင်း (၁၂၀၀၀ဝိ/-)ကုန်ကျကြောင်း သိရှိရပါသည်။ ဆိပ်ဖြူဒေသသည် (မိုး)စပါးအောင်ရေရရန် ရေသွင်းစိုက်ပျိုးရသော်လည်း ယခုနှစ် စပါးစိုက်ပျိုးချိန်တွင် မိုးများဆက်တိုက်ရွာသွန်းခြင်းကြောင့် ရေသွင်းမှုအကြိမ်ရေလျော့နည်းသွားပြီး ကုန်ကျစရိတ် နည်းသွားသော်လည်း ပိုးသတ်ဆေး၊ အားဆေးအမျိုးမျိုး၊ သွင်းအားစုများ၊ ဒီဇယ်ဆီ၊ စက်ဆီဈေးနှုန်းများမှာ ယခင်နှစ်ထက် ဈေးနှုန်းမြင့်မားလာပါသဖြင့် ကုန်ကျစရိတ်များပြားကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ (၇၅)တင်းခန့် ပျမ်းမျှထွက်ရှိပြီး လယ်ကွင်းအတွင်းတွင် စပါးများကို စက်ဖြင့် ချွေပြီး ရရှိသော စပါးများကို အိမ်အရောက်သယ်ယူရာတွင် သယ်ယူခအနေဖြင့် ငွေတန်ဖိုးမပေးရဘဲ စပါး(၁၀)တင်းလျှင် စပါး(၁၀)ပြည် ပေးရကြောင်း၊ လက်ရှိ "ဧရာပဒေသာ" စပါးတစ်တင်းလျှင်
(၈၅၀၀)ကျပ်နှုန်းရှိပြီး ကျေးရွာအထိုင်ဝယ်ယူကြောင်း၊ စပါး (၇၅) တင်း သယ်ယူပါက စပါး(၅)တင်း ခန့်ပေးရပြီး လက်ရှိပေါက်ဈေးနှင့်ပေးရမည်ဆိုလျှင် သယ်ယူခငွေကျပ်(၄)သောင်းခန့် ကုန်ကျမည်ဖြစ် ကြောင်း၊ (မိုး) စပါးတစ်ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျ စရိတ်စုစုပေါင်းမှာ ကျပ်(၄)သိန်းခန့် ကုန်ကျ ကြောင်း သိရှိရပါသည်။
စပါးစိုက်တောင်သူ ဦးငြိမ်းမောင်၏ တစ်ဧကကုန်ကျစရိတ်မှာ (၄)သိန်းဝန်းကျင်ခန့်ရှိပြီး ဝင်ငွေ ရရှိမှုမှာ (၆)သိန်းဝန်းကျင်ခန့်ရရှိ၍ အကျိုးအမြတ်မှာ(၂)သိန်းဝန်းကျင်ခန့်ရရှိပါကြောင်း သိရှိရ ပါသည်။
မကျီးစုကျေးရွာသည် ယခုနှစ်တွင် (မိုး)စပါးစိုက်ဧက (၄၀၀)ခန့်စိုက်ပျိုး၍ တစ်ဧက အထွက်နှုန်း မှာ (၇၅)တင်းခန့် ပျမ်းမျှထွက်ရှိ၍ စိုက်ဧက(၄၀၀)တွင် စပါးအထွက်နှုန်းတင်း(၃)သောင်းဝန်းကျင်ခန့် ထွက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ စပါးတစ်ဧကစိုက်လျှင် ပျမ်းမျှအထွက်နှုန်းမှာ မြေသားကွာခြားမှု၊ သွင်းအားစုအမျိုးမျိုးသုံးစွဲပုံမတူညီမှု၊ ရေသွင်းအကြိမ်ရေကွာခြားမှုတို့ကြောင့် တစ်ဧကအသုံးစရိတ် မတူညီသလို အထွက်နှုန်းလည်းမတူညီကြကြောင်း၊ ယခုနှစ် စပါးဈေးနှုန်းဈေးကွက်အနေဖြင့် "ဧရာပဒေသာ"စပါးတစ်တင်းလျှင် (၈၅၀၀)ကျပ်နှင့် "ဆင်းသုခ" စပါးတစ်တင်းလျှင် (၇၀၀၀)ကျပ် ရှိကြောင်း၊ စပါးတစ်တင်းလျှင် ဆန်(၆)ပြည်နှင့် (၄)ဘူးခန့်ထွက်ရှိကြောင်း၊ "ဧရာပဒေသာ" ဆန်(၂၄) ပြည် တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်နှင့် "ဆင်းသုခ" ဆန်(၂၄)ပြည်တစ်အိတ်လျှင် (၂၈၀၀၀) ကျပ် နှုန်းဖြင့် ရောင်းချရပါကြောင်းသိရှိရပါသည်။ တစ်ဧကလျှင် အထွက်နှုန်းများမှာ စပါးတင်း(၈၀)၊ (၇၅)၊ (၇၀)ထိ အမျိုးမျိုးထွက်ရှိကြကြောင်း၊ ယခုနှစ်သည် ရာသီဥတုသင့်တင့်ညီမျှမှုကြောင့် ယခင်နှစ်ထက် စပါး အထွက်နှုန်းကောင်းမွန်ကြောင်း သိရှိရပါသည်။ မကျီးစုကျေးရွာ စိုက်တောင်သူအများစု၏ တစ်ဧက အထွက်နှုန်းမှာ(၇၅)တင်းခန့် ထွက်ရှိမည်ဟု ခန့်မှန်းရကြောင်းသိရှိရပါသည်။
ဆိပ်ဖြူမြို့နယ်သည် စပါးစိုက်ဧကနည်း၍ ဆန်ထွက်ရှိမှုနည်းပါးသောကြောင့် ဆန် လိုအပ်သောဒေသဖြစ်သော်လည်း မကျီးစုကျေးရွာသည် အိမ်ခြေနည်း၍ လူဦးရေနည်းပါးပြီး စပါး စိုက်ပျိုးဧက များပြားသောကြောင့် စားသုံးပြီးပိုလျှံသော စပါး၊ ဆန်များကို ဆိပ်ဖြူမြို့ပေါ်သို့ ဖြန့်ဖြူး ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။ ယခုနှစ်(မိုး)စပါးစိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းမွန် သောကြောင့် စပါးပင်အသေအပျောက်နည်းပါးပြီး အထွက်နှုန်းကောင်းမွန်၍ ဈေးနှုန်းဈေးကွက်လည်း သင့်တင့်မျှတမှုရှိသောကြောင့် ယခုနှစ် (မိုး)စပါးစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိပါကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
မကွေးတိုင်းဒေသကြီး