ပဲခူးကြက်သွန်နီဈေးနှုန်းတည်ငြိမ်လျှက်ရှိ

Powered by Drupal

               ပဲခူးတိုင်းဒေသကြီးအနေဖြင့် ကြက်သွန်နီစိုက်ဧက (၁၉၅၄) ဧကဝန်းကျင်ခန့် ရှိပြီး တစ်ဧကအထွက်နှုန်းမှာ (၂၈၄၃) ပိဿာထွက်ရှိပြီး စိုက်ဧက၏အထွက်နှုန်းစုစုပေါင်း (၉၀၇၁) တန်ထွက်ရှိ၍ တိုင်းဒေသကြီးအတွင်း တစ်နှစ်တာကာလ  စားသုံး/သုံးစွဲမှု ပမာဏမှာ စုစုပေါင်း  (၂၄၆၄၁) တန်ရှိသဖြင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ကြက်သွန်နီ လိုအပ်သော တိုင်းဒေသကြီးတစ်ခု ဖြစ်ပြီး ရန်ကုန် ၊မကွေး၊ မန္တလေးတို့မှ စီးဝင်ရောက် လျက်ရှိကြောင်းသိရသည်။

          ပဲခူး ကြက်သွန်နီဈေးကွက်တွင် ဈေးနှုန်း အနေဖြင့် လက်လီ ၊ လက်ကားဈေးမှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဈေးနှုန်းအနေဖြင့် (ကြီး၊လတ်၊သေး) အမျိုးအစားအလိုက်ကျပ် ၇၀၀ မှ ၁၀၀၀နှုန်းဖြင့် အသီးအသီးရောင်းအဝယ်ဖြစ်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်တွင် (ကြီး၊လတ်၊သေး) အမျိုးအစားအလိုက် ကျပ် ၇၀၀ မှ ၁၀၀၀ နှုန်းအသီးသီးအရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခုလနှင့်ယခင်လတွင် ဈေးနှုန်းအနေဖြင့် တည်ငြိမ်၍ ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး