မိုးစပါးပေါ်ခါစ မွန်ပြည်နယ် ဆန်စပါးဈေးနှုန်း မြင့်တက်

Powered by Drupal

       မွန်ပြည်နယ်၌ မိုးစပါးပေါ်ခါစ ယခုအချိန်တွင် ဆန်စပါးဈေးကွက်မှာ ယခင်နှစ်ထက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ပေါ်ဆန်းစပါး (အဟောင်း) တင်း (၁၀၀) လျှင် (၉၅၀၀၀၀) ကျပ်၊ ‌ ပေါ်ဆန်းစပါး (အသစ်) တင်း (၁၀၀) လျှင် (၈၈၀၀၀၀) ကျပ်၊ ‌ ဧည့်မထစပါး (အဟောင်း) တင်း (၁၀၀) လျှင် (၇၃၆၀၀၀) ကျပ်၊ ‌‌ ဧည့်မထစပါး (အသစ်) တင်း (၁၀၀) လျှင် (၆၀၀၀၀၀) ကျပ်၊ ပေါ်ဆန်းဆန် (အဟောင်း) (၂၄) ပြည်တစ်အိတ်လျှင် (၃၉၀၀၀) ကျပ်၊ ပေါ်ဆန်းဆန် (အသစ်) (၂၄) ပြည်တစ်အိတ်လျှင် (၃၇၅၀၀) ကျပ်၊ ဧည့်မထဆန် (အဟောင်း) (၂၄) ပြည်တစ်အိတ်လျှင် (၂၆၀၀၀) ကျပ်၊ ဧည့်မထဆန် (အသစ်) (၂၄) ပြည်တစ်အိတ်လျှင် (၂၆၀၀၀) ကျပ်ရှိပြီး ယခင်နှစ် ကာလတူ ဈေးနှုန်းမှာ ပေါ်ဆန်းစပါး တင်း (၁၀၀) လျှင် (၇၁၀၀၀၀) ကျပ်၊ ‌  ဧည့်မထစပါး တင်း (၁၀၀) လျှင် (၅၈၂၀၀၀) ကျပ်၊ ပေါ်ဆန်းဆန် (၂၄) ပြည်တစ်အိတ်လျှင် (၂၈၀၀၀) ကျပ်၊ ဧည့်မထဆန် (၂၄) ပြည်တစ်အိတ်လျှင် (၂၃၀၀၀) ကျပ်ရှိပြီး ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်ပါက ပေါ်ဆန်းစပါးမှာ (၁၇၀၀၀၀) ကျပ်၊ ဧည့်မထစပါးမှာ (၁၈၀၀၀) ကျပ်၊ ပေါ်ဆန်းဆန်မှာ (၉၅၀၀) ကျပ်၊ ဧည့်မထဆန်မှာ (၃၀၀၀) ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)