မတ်ပဲစျေးနှုန်းများ စျေးပြန်မာလာ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မတ်ပဲစျေးနှုန်းများမှာ ၂၀၂၁ခုနှစ် အောက်တိုဘာလတွင် တစ်တင်းလျှင် ၆၅၀၀၀ ကျပ်အထိ စျေးမြင့်တက်ခဲ့ပြီး နိုဝင်ဘာလ ဒုတိယပတ်မှစ၍ ပဲစျေးတဖြည်းဖြည်း  လျော့လာခဲ့ရာ ဒီဇင်ဘာလ တတိ ယပတ်တွင် မတ်ပဲစျေးမှာ တစ်တင်းလျှင် ၃၇၀၀၀ ကျပ်အထိ ကျဆင်းခဲ့ပါသည်။ မတ်ပဲစျေးများ ကျဆင်းလာရခြင်းမှာ အိန္ဒိယစျေးကွက်သို့ တင်ပို့ရမည့်ပမာဏ ပြည့်မီသွားပြီး နောက်နှစ် အတွက် ဝယ်ယူရန် အခြေအနေ စောင့်ကြည့်ကာလဖြစ်ခြင်းကြောင့် ကုန်သည်ကြီးများမှ စျေးနှုန်း ထိန်းညှိ ဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရပါသည်။

         ဒီဇင်ဘာလတတိယပတ်အတွင်း လာမည့်နှစ်အတွက် အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရန် စာချုပ်သစ်များ ပြန်လည်ချုပ်ဆိုပြီးကြောင်း သိရှိရပြီး မတ်ပဲစျေးမှာလည်း တစ်တင်း ၃၇၀၀၀ ကျပ်ခန့်ထိ ကျဆင်းခဲ့ရာမှ ၄၀၅၀၀ ကျပ်အထိ ပြန်လည်စျေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)