ပေါက်ခေါင်းဒေသထုတ်ကုန် ဣစ္ဆိတံမုန့်လုပ်ငန်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့သည် ပြည်မြို့မှ ၂၄ မိုင် ကွာဝေးသော မြို့လေးတစ်မြို့ဖြစ်ပါသည်။ ပေါက်ခေါင်းမြို့သည် အခြားမြို့များကဲ့သို့ စည်ကားမှု မရှိသော်လည်း ဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် ဣစ္ဆိတံမုန့်ကို ထုတ်လုပ်လျက်ရှိရာ ၂၁.၁၂.၂၀၂၁ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့် အဖွဲ့သည် ဒေါ်ဆိတ်မတံဆိပ် ဣစ္ဆိတံမုန့်လုပ်ငန်းသို့ သွားရောက် လေ့လာခဲ့ပါသည်။

          ဣစ္ဆိတံမုန့်လုပ်ငန်းမှာ မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြစ်ပြီး တစ်နေ့လျှင် မုန့်ထုပ် (၁၅၀)ခန့်ထုတ်လုပ်နိုင်ပါသည်။ ဣစ္ဆိတံမုန့်ကို ပေါက်ခေါင်းမြို့နယ်တွင်သာရောင်းချပြီး ခရီးသွား ဧည့်သည်များက အိမ်ပြန်လက်ဆောင်အဖြစ်ဝယ်ယူသည့်အတွက် တစ်နေ့လျှင် (၅၀၀)ကျပ်တန် အိတ် (၁၅၀)ခန့် ရောင်းချရသည်ဟုသိရပါသည်။ မုန့်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သော ဂျုံ၊ သကြား နှင့်ဆီတို့ကို ပြည်မြို့မှဝယ်ယူပြီး ကုန်ကျစရိတ်မှာ ဂျုံအိတ်ဝက်၊ သကြား (၅)ပိဿာနှင့် ဆီ (၅)ပိဿာ၊ ထုပ်ပိုးသည့်အိတ်မှာ (၁၅၀)အိတ်ဖြင့် စုစုပေါင်း ကုန်ကျငွေမှာ ၆၅၆၀၀ကျပ်ခန့် ကုန်ကျပါသည်။ တစ်နေ့လျှင် မုန့်ထုပ်ရေ (၁၅၀)ခန့်ထွက်၍ တစ်ထုပ်လျှင် (၅၀၀)ကျပ်ရောင်းရသဖြင့် စုစုပေါင်း ရောင်းရငွေမှာ (၇၅၀၀၀)ကျပ်ခန့်ဖြစ်သဖြင့် အသားတင်တစ်နေ့အမြတ်ငွေမှာ (၁)သောင်း နီးပါးခန့် ရရှိသည်ဟုသိရပါသည်။

          ဣစ္ဆိတံမုန့်ကို ယခုထက်ပိုမိုစျေးကွက်ရရှိနိုင်ရေးအတွက် ထုပ်ပိုးမှုပုံစံများပိုမိုသပ်ရပ်စွာ ထုပ်ပိုးနိုင်ပြီး နယ်ကိုယ်စားလှယ်များကို ဖြန့်ဝေနိုင်မည်ဆိုပါက ယခုထက်ပို၍ ထုတ်လုပ်မှု များပြားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။ လုပ်ငန်း အခက်အခဲများမရှိအောင်လည်း လိုအပ်သည်များကို သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ၏ အကူအညီများ ပံ့ပိုးပေးသွားမည်ဆိုလျှင် ဂျုံမှတစ်ဆင့် တန်ဘိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှုမှာ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း  လေ့လာသုံးသပ်မိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန(ပြည်ခရိုင်)