![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/845.png?itok=osu_yq38)
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၉-၁၁-၂၀၂၃)ရက်နေ့နှင့် (၁၀-၁၁-၂၀၂၃)ရက်နေ့တို့တွင် မြန်အောင်မြို့နယ်ရှိ ကျေးရွာ/ရပ်ကွက်များသို့သွားရောက်၍ ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဈေးကားဖြင့် စားအုန်းဆီရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။
ထိုသို့ရောင်းချခြင်းကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်အောင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်း ကျေးရွာ/ရပ်ကွက်နေပြည်သူများအား အိမ်ထောင်တစ်စုလျှင် စားအုန်းဆီ ၁ ပိဿာလျှင် ၅၀၀၀ကျပ်နှုန်းဖြင့် ရောင်းချဖြန့်ဖြူးပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)