သထုံခရိုင်၏ ဆန်စပါး၊ ဈေးနှုန်းနှင့်စီးဝင်စီးထွက်မှုအခြေအနေ

Powered by Drupal

    သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် နိုဝင်ဘာလ၏ပထမအပတ်တွင် စပါးဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်နှုန်းမှာ မော်လမြိုင်သို့ (၂၆၀၀)အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၆၀၀) အိတ်ခန့် စုစုပေါင်း (၅၄၀၀)အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခုနိုဝင်ဘာဒုတိယပတ်တွင် မော်လမြိုင်သို့ (၂၃၀၀)အိတ်ခန့်၊ ကရင်ပြည်နယ်သို့(၂၄၀၀)အိတ် ခန့်၊စုစုပေါင်း (၄၇၀၀)အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၀)တန်ခန့်စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါကလျှော့နည်း စီးထွက်ခဲ့ပါသည်။

   သထုံခရိုင်အတွင်းသို့ နိုဝင်ဘာလ၏ ပထမအပတ်တွင် ဆန်စီးထွက်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၆၀၀)အိတ်ခန့် စုစုပေါင်း (၂၉၀၀)အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၄၀)တန်ခန့် စီးဝင်ခဲ့ပါသည်။ ယခုနိုဝင်ဘာလ၏ ဒုတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၄၀၀)အိတ်ခန့်၊ပဲခူးတိုင်းဒေသကြီးမှ (၁၆၀၀) အိတ်ခန့်၊စုစုပေါင်း (၃၀၀၀)အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၄၅)တန်ခန့်စီးဝင်ခဲ့ပြီး၊ ယခင်အပတ် နှင့်နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးဝင်ခဲ့ပါသည်။

  သထုံခရိုင်အတွင်း၌ နိုဝင်ဘာလ၏ ဒုတိယအပတ်တွင် စပါးဈေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ်(၂၈၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၂၅၀၀၀၀၀)နှင့် ကမာကြည်(၂၂၀၀၀၀၀)ခန့်နှင့် (၂၄)ပြည်ဝင်ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ်(၁၀၅၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၁၀၀၀၀၀)နှင့်ကမာကြည်(၉၀၀၀၀)ခန့်၊ ဧည့်မထ(၇၂၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါးဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်လျက်ရှိပြီး ဆန်ဈေးနှုန်းမှာတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)