ဖိလစ်ပိုင်နိုင်ငံ၌ စပါးဈေးနှုန်းများ မြင့်တက်

Powered by Drupal

   ဖိလစ်ပိုင်နိုင်ငံတွင် လယ်သမားများမှ ရောင်းချသည့် စပါးဈေးနှုန်းသည် ၂၀၂၂ ခုနှစ် ကာလ တူ၌ ဖြစ်ပေါ်ခဲ့သော ပျမ်းမျှဈေးနှုန်း ၁ ကီလိုဂရမ်လျှင် ၁၇.၄၄ ပီဆို အပေါ် ၁၈.၁% မြင့်တက်လျက် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ၁ ကီလိုဂရမ်လျှင် ပီဆိုငွေ ၂၀.၆၀ နှုန်းသို့ ရောက်ရှိခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့က ၂၀-၁၁-၂၀၂၃ နေ့ တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

   အဆိုပါ ပျမ်းမျှစပါးဈေးနှုန်းသည် ယခုနှစ် စက်တင်ဘာလ၌ ဖြစ်ပေါ်ခဲ့သော ၁ ကီလိုဂရမ် လျှင် ၁၉.၉၁ ပီဆိုနှုန်း အပေါ်တွင်လည်း ၃.၄% မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံ၏မြို့တော်ဒေသမှအပ ဒေသကြီး ၁၅ ခု၌ နှစ်အလိုက် ကာလတူနှိုင်းယှဉ်ပါက ယခုနှစ် အောက်တိုဘာလတွင် လယ်သမား များက ရောင်းချသည့် ပျမ်းမျှစပါးဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ Muslim Mindanao ဒေသအတွင်း Bangsamoro ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုတည်း၌သာ စပါးဈေးနှုန်းသည် ၄.၀% ကျဆင်းလျက် ၁ ကီလိုဂရမ်လျှင် ၁၇.၃၆ ပီဆိုနှုန်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ပျမ်းမျှစပါးဈေးနှုန်း အမြင့်ဆုံးအဖြစ် Northern Mindanao ဒေသကြီးတွင် ၁ ကီလိုဂရမ်လျှင် ၂၃.၅၆ ပီဆိုနှုန်းသို့ ရောက်ရှိခဲ့ရာ နှစ်အလိုက်နှိုင်းယှဉ်ပါက ၂၉.၂% မြင့်တက်လာခြင်းဖြစ်ကြောင်း၊ လအလိုက် နှိုင်း ယှဉ်ရာတွင် အောက်တိုဘာလရှိ ပျမ်းမျှစပါးဈေးနှုန်းများသည် ဒေသကြီး ၁၀ ခု၌ ယခင်လထက် မြင့်တက်ခဲ့ပြီး ကျန်ဒေသကြီး ၅ ခုတွင် ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့ က ဖော်ပြပါသည်။

     သွင်းအားစု ကုန်ကျစရိတ်များ ကြီးမြင့်မှုသည် နှစ်အလိုက် နှိုင်းယှဉ်ရာ၌ စပါးဈေးနှုန်းများ မြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့အပြင် တောင်သူများ၏ ဝင်ငွေ တိုးတက်မြင့်မားစေရေး အတွက် ဒေသအာဏာပိုင်များ၏ စပါးဈေးနှုန်းများ တိုးမြှင့်ချိန်ညှိမှုသည်လည်း အကြောင်းအရင်း တစ်ရပ်အဖြစ် ပါဝင်ကြောင်း၊ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မိုးရေချိန် လျော့နည်းမှုက လည်း စပါးစိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိပြီး ဈေးနှုန်းမြင့်တက်မှုသို့ ဦးတည်စေခဲ့ကြောင်း၊ အလားတူ ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်မှုက ပြည်တွင်း စပါးဈေးနှုန်းများအပေါ် ထပ်ဟပ်မှုရှိကြောင်းဖြင့် Rizal Commercial Banking ကော်ပိုရေးရှင်းမှ စီးပွားရေးရာ အရာရှိချုပ် Michael Ricafort က ပြောကြားခဲ့သည်။

Source: Manila Times, 21 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)