ချောင်းဆုံမြို့နယ်တွင် အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးမှုအခြေအနေ

Powered by Drupal

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၃)  ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ အများပြည်သူများထံသို့ ချောင်းဆုံမြို့နယ်အတွက် ခွဲဝေရရှိသောစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ စားအုန်းဆီ (၁)ပိဿာလျှင် ၅၂၀၀ကျပ်ဖြင့် စားအုန်းဆီပိဿာချိန် (၁၁၀၀) ကို ချောင်းဆုံမြို့နယ်၊ တောင်စွန်ကျေးရွာ၊ ဒေါင်းရပ် (အရှေ့)ကျေးရွာ၊ သက္ကောကျေးရွာနှင့် ကရင်ဝင်းစိန်ကျေးရွာများသို့သွားရောက်၍ ရောင်းချပေးခဲ့မှုအခြေအနေတွင် ပြည်သူများအဆင်ပြေစွာဝယ်ယူခွင့်ရရှိရေး၊ သက်သာသောဈေးနှုန်းဖြင့် သတ်မှတ်အရေအတွက်အတိုင်း ဝယ်ယူခွင့်ရရှိရေး ကွင်းဆင်းကြီးကြပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)