အိန္ဒိယက မလေးရှားမှ စားအုန်းဆီတန်ချိန် ၆သန်းခန့်ဝယ်ယူရန်တောင်းဆို

Powered by Drupal

    အိန္ဒိယနိုင်ငံသို့ မလေးရှားနိုင်ငံ၏ စားအုန်းဆီကြမ်း (CPO) တင်ပို့မှုသည် နိုင်ငံ၏ စားအုန်းဆီကြမ်း၀ယ်လိုအားတန်ချိန် ၆သန်းအထိတိုးလာခြင်းကြောင့် အပြုသဘောဆောင်သော ဖွံ့ဖြိုး တိုးတက်မှုကို ဆက်လက်ဖြစ်ပေါ်စေသည်ဟု မလေးရှားဒုတိယဝန်ကြီးချုပ် Mr. Datuk Seri Fadillah Yusof က ပြောကြားခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြပါသည်။

     မလေးရှားနိုင်ငံ၊ စိုက်ခင်းများနှင့်အဓိကကုန်စည်များဝန်ကြီးဌာန၏ ဝန်ကြီးလည်းဖြစ်သည့် Mr. Fadillah Yusof က အိန္ဒိယနိုင်ငံ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်လိုအပ်သည့် ကြိုးပမ်းမှုများကို အသေးစိတ်လုပ်ဆောင်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် မလေးရှားအနေဖြင့် အိန္ဒိယသို့ စားအုန်းဆီကြမ်းတန်ချိန် ၄သန်းခန့်သာတင်ပို့နိုင်စွမ်းရှိပြီး အိန္ဒိယသည် မလေးရှား၏ စားအုန်းဆီကြမ်းတင်သွင်းမှုအများဆုံးနိုင်ငံဖြစ်လာကြောင်း၊ မလေးရှား၏ စားအုန်းဆီကြမ်းအားလုံးကို နိုင်ငံတစ်နိုင်ငံတည်းသို့ရောင်းချပေးရန် မဖြစ်နိုင်သည့်အတွက် အကဲဖြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

     တစ်ချိန်တည်းမှာပင် မလေးရှားနိုင်ငံရှိ ဆီအုန်းလုပ်ငန်းအပေါ် တရုတ်နိုင်ငံ၏ ကတိကဝတ်ပြုမှုကို ဝန်ကြီး Fadillah က မှတ်ချက်ပြုပြောကြားရာတွင် ကုန်ပစ္စည်း (စားအုန်းဆီ) ကို အခြေခံထုတ်ကုန်များထုတ်လုပ်ခြင်းကဲ့သို့သောကဏ္ဍတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုသည် စားအုန်းဆီကြမ်းတင်ပို့မှုပမာဏတိုးမြှင့်တင်ပို့ခွင့်ရရှိမည်ဖြစ်ရာ မလေးရှားနိုင်ငံအတွက် အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Source: The Star Online, 25 Nov 2023