ပြည်ခရိုင်တွင်မတ်ပဲဈေးနှုန်းများဆက်လက်ဈေးကောင်းရ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မတ်ပဲသီးနှံများ စိုက်ပျိုးမှုမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ၄၀၀၃၈ ဧကစိုက်ပျိုးခဲ့ပြီး သဲကုန်းမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ် နှင့် ပေါင်းတည် မြို့နယ်များမှာ အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။ လယ်ယာမြေတွင် စိုက်ပျိုးသော မတ်ပဲသစ် များမပေါ်သေးသော်လည်း ကုန်းတန်းများတွင် အလျဉ်းသင့်သလို ဆောလျှင်စွာ စိုက်ပျိုးသည့် မတ်ပဲသစ်များထွက်ပေါ်လျက်ရှိရာ အဆိုပါ ကုန်းတန်းမတ်ပဲသစ်များနှင့် လက်ကျန် ပဲအဟောင်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလကုန်ပိုင်းမှာ မတ်ပဲတစ်တင်းလျှင် ၄၀၅၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ဒုတိယပတ်မှာ ၄၃၈၀၀မှ ၄၄၇၀၀ကျပ်ထိ ဈေးမြင့်တက်လျက်ရှိ ကြောင်းသိရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ (၁)ရက်လျှင် အိတ် ၃၀၀/၅၀၀ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)