ဇန်နဝါရီလအတွင်း စက်သုံးဆီဈေးနှုန်းအနည်းငယ်မြင့်တက်

Powered by Drupal

ရန်ကုန် မြို့၊ ဇန်နဝါရီလ ( ၁၉ ) ရက်

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရု့း၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန် အရှေ့ပိုင်းခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၃၈)ဆိုင်ကို (၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ခဲ့ရာ (၁.၁.၂၀၂၂)ရက်နေ့ ဈေးနှုန်းများမှာ ဓါတ်ဆီ(၉၂) တစ်လီတာ (၁၃၇၅)ကျပ်၊ ဓါတ်ဆီ 95 တစ်လီတာ (၁၄၄၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ (၁၃၅၅)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာ (၁၃၆၅)ကျပ် တို့ဖြင့် ရောင်းချခဲ့ကြောင်း၊ (၁၄.၁.၂၀၂၂) ရက်နေ့တွင် ဓါတ်ဆီ 92 တစ်လီတာ (၁၄၈၅)ကျပ်၊ ဓါတ်ဆီ 95 တစ်လီတာ (၁၅၅၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ (၁၄၉၅)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၁၅၀၅)ကျပ်တို့ဖြင့် ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။

          (၂၀၂၂) ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်ရောင်းချမှု စက်သုံးဆီဈေးနှုန်းများကို စိစစ်ကြည့်ရာတွင် ဓါတ်ဆီ 92 တစ်လီတာ (၁၁၀)ကျပ်၊ ဓါတ်ဆီ 95 တစ်လီတာ (၁၁၀)ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာ (၁၄၀)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာ (၁၄၀)ကျပ်ဖြင့် ဈေးကွာဟလျက် ရှိကာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း တွေ့ရှိရသည်။ စက်သုံးဆီဈေးကွက်အတွင်း ဈေးမြင့်တက် လာရခြင်းမှာ ဒေါ်လာဈေး အနည်းငယ်တက်လာသဖြင့် တင်သွင်းလာသည့် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာမှုကြောင့် ဇန်နဝါရီလ၊ ဒုတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)