![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/85_6.jpg?itok=vNxW_fxR)
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ စပါး ၇၃၅၃၀ဧကစိုက်ပျိုးထားရှိရာ အားလုံးရိတ်သိမ်းပြီးစီးပြီးဖြစ်ပါသည်။ စပါးအထွက်နှုန်း ၉၈.၅၀တင်းဖြင့် စပါးတင်း ၇၂၄၂၇၀၀တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနများမှသိရပါသည်။
အများဆုံးစိုက်ပျိုးသော စပါးမျိုးမှာ ဆင်းသုခဖြစ်ပြီး ၄၇၁၃၀ဧကစိုက်ပျိုးထားပါသည်။ ဒုတိယအများဆုံးစိုက်ပျိုးသောစပါးများမှာ ဗျော့ထွန်းဖြစ်ပြီး ၁၈၅၇၀ဧကစိုက်ပျိုးထားပါသည်။ ကျန်စိုက်ဧကများမှာ မနောသုခ၊ ရက် ၉၀နှင့် ပေါ်ဆန်းတို့ကို ရေမြေဒေသအလိုက် စိုက်ပျိုးကြပါသည်။
စပါးများကို တစ်တင်းလျှင် ၅၄ပေါင်နှုန်းဖြင့်ဝယ်ယူပြီး စပါးပေါ်ခါစ အောက်တိုဘာလတွင် တင်း၁၀၀လျှင် ကျပ်၁၈သိန်းရှိပြီး ယခုအခါတွင် တင်း၁၀၀လျှင် ကျပ်သိန်း၂၀ရှိပါသည်။ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာဆိုင်ရာများနှင့် တောင်သူလယ်သမားများအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)