တောင်ငူမြို့၏ သခွားသီးဈေးကွက်

Powered by Drupal

    တောင်ငူမြို့၊ ညောင်ပင်လေးဈေးသို့ ဒေသထွက်သီနှံများကို လာရောက်ရောင်းချလျက်ရှိရာ သခွားသီးများမှာလည်း ရောင်းအားကောင်းလျှက်ရှိပါသည်။ သခွားသီးကို ငါးပိရည်၊ ငါးပိချက် တို့စရာအဖြစ်လည်းကောင်း၊ သခွားသီးကိုခြစ်ပြီး ပဲမုန့်၊ ဆီချက်တို့ဖြင့် သုပ်စား၍သော်လည်းကောင်း စားသုံးကြသကဲ့သို့ တချို့မှာမူ သကြား၊ ထန်းလျက်တို့နှင့်စားရသည်ကို နှစ်သက်ကြပါ သည်။

      သခွားသီးများမှာ ယခင်အပတ်တို့တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်အထိရှိခဲ့သော်လည်း ယခုအပတ်တွင် သခွားသီးများပေါများစွာထွက်ရှိလာပြီဖြစ်ရာ ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

     ယခုအပတ်တွင် တရုတ်သခွားသီးဟုလူသိများသည့် သခွားသီးတစ်မျိုးပေါ်လာပြီး ဈေးကွက်အတွင်း ရောင်းချနေသည်ကိုတွေ့ရပါသည်။ ၎င်းသခွားသီးမှာ ၁၀လက်မမှ ၁၂လက်မခန့် အရှည်ရှိပါသည်။ အရသာမှာ ဒေသသခွားသီးထက် အနည်းငယ်ချိုပြီး အသားမှာ ပို၍နူးညံ့ပါသည်။ တရုတ်မျိုးဖြစ်ပြီး ယခုနှစ်မှစတင်၍ စမ်းသပ်စိုက်ပျိုးပါသည်။

        ၎င်းတရုတ်သခွားသီးမှာ တစ်ပိဿာလျှင် ၆လုံး/၇လုံးခန့်ရှိပြီး တစ်လုံးလျှင် ၁၅၀ကျပ်မှ ၂၀၀ကျပ်အထိရောင်းချကြောင်းနှင့် ဒေသသခွားသီးထက်ပို၍ ရောင်းရကြောင်းသိရပါသည်။

DOCA(ပဲခူး)