အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီရည်ညွှန်းဈေးနှုန်း လျှော့ချသတ်မှတ်

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံသည် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စားအုန်းဆီရည်ညွှန်း ဈေးနှုန်းအား တစ်တန်လျှင် ဒေါ်လာ ၇၆၇.၅၁ ရှိရာမှ ဒေါ်လာ ၇၄၆.၆၉ သို့ လျှော့ချသတ်မှတ်ခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနအရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။ အဆိုပါရည်ညွှန်း ဈေးကြောင့် စားအုန်းဆီပို့ကုန်ခွန်မှာ တစ်တန်လျှင် ၁၈ ဒေါ်လာနှင့် ပို့ကုန်ခွန်စည်းကြပ်နှုန်းမှာ တစ်တန်လျှင် ၇၅ ဒေါ်လာအသီးသီး ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရည်ညွှန်းဈေးဖော်ပြသည့် တရားဝင်အမိန့်ကိုမူ ပြည်သူများသို့ ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရှိရပါသည်။

Source: The Star Online, 01 January 2024. (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)