မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်ဘဲဈေးရှိ ဈေးနှုန်းများ

Powered by Drupal

   မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊  အရောက်ပို့စနစ်ဖြင့်လည်ကောင်း အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ကြက်/ဘဲဈေးတွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသောဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင် ကျပ် (၁၆၀၀၀/၁၇၀၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ကျပ်(၅၂၀၀/၅၃၀၀)၊ မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် ကျပ် (၇၂၀၀)၊ ဘဲအရှင် ၁ပိဿာလျှင် ကျပ်(၉၅၀၀/၁၀၀၀၀)၊ ချယ်ရီ/ဘယ်ရီဘဲ ၁ပိဿာလျှင် (၅၅၀၀/၆၀၀၀) ကျပ်တို့ဖင့် ကုန်အဝင်ပိဿာချိန် (၈၆၈၀၀)ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။  

     အဆိုပါဈေးနှုန်းများကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၏ နောက်ဆုံးအပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် အိမ်မွေးကြက် ၁ပိဿာလျှင် ၃၀၀၀ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် ၃၀၀ကျပ်ထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် ၁၀၀၀ကျပ်ထိဈေးနှုန်းကျဆင်းခဲ့ကြောင်းနှင့် ဘဲဈေးနှုန်းများမှာမူ ပြောင်းလဲမှုမရှိကြောင်း၊ ကြက်သားဈေးနှုန်းများ မြင့်တက်လာခြင်းမှာလည်း နှစ်သစ်ကူးပွဲတော်ရက်များနှင့် တိုက်ဆိုင်နေခြင်းကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)