ယူကရိန်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုး‌ရေးထုတ်ကုန် တန်ချိန် ၇၉ သန်းခန့်ထုတ်လုပ်နိုင်မည်ဖြစ်

Powered by Drupal
    ယူကရိန်းနိုင်ငံသည် ၂၀၂၃ ခုနှစ်သီးနှံရိတ်သိမ်းချိန်မှစတင်၍ ပြောင်း၊ ဂျုံနှင့် ဆီထွက်သီးနှံ မက်ထရစ်တန်ချိန် ၇၉.၂ သန်းခန့်ကို ရိတ်သိမ်းနိုင်ခဲ့ကြောင်း ယူကရိန်းနိုင်ငံစိုက်ပျိုးရေးဝန်ကြီး ဌာနက ၂၉-၁၂-၂၀၂၃ ရက် (သောကြာနေ့)တွင် ပြောကြားခဲ့ပါသည်။ ဂျုံနှင့်ပြောင်းအဓိက ထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသူများက ဂျုံနှင့်ပြောင်းထွက်ရှိမှုကို ယခင်နှစ်နှင့် ကာလတူ နှိုင်းယှဉ်ဖော်ပြခြင်းမရှိသေးကြောင်း၊ ၂ဝ၂၃ ခုနှစ်အတွင်း ဂျုံတန်ချိန် ၇၉.၂ သန်း၊ ပြောင်းတန်ချိန် ၅၈.၃၉ သန်းနှင့် ဆီထွက်သီးနှံတန်ချိန် ၂၀.၇၆ သန်းတို့ ထွက်ရှိကြောင်းနှင့် ဂျုံတန်ချိန် ၂၂.၄၈ သန်း၊ မုယောစပါးတန်ချိန် ၅.၉၁ သန်းနှင့်  ပြောင်းတန်ချိန် ၂၈ ဒသမ ၁၅ သန်းတို့ကို ရိတ်သိမ်းနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ 
    ဆီထွက်သီးနှံထွက်ရှိမှုအနေဖြင့် မုန်ညှင်းစေ့တန်ချိန် ၄ သန်း၊ ပဲပုပ်စေ့တန်ချိန် ၄. ၈ သန်း နှင့် နေကြာစေ့တန်ချိန် ၁၂ သန်းနီးပါး ရိတ်သိမ်းနိုင်ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးရေးထုတ်ကုန်စုစုပေါင်းတန်ချိန် ၈၁.၃ သန်းအထိ ထွက်ရှိနိုင်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ‌ပြောကြားခဲ့ပါသည်။

Source: Hellenic Shipping News, 30 December, 2023. (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)