ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများကို  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေများကို နေ့စဉ် စုံစမ်းလျက်ရှိပါသည်။ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ ပခုက္ကူ၊ မလိုင်၊ မြစ်သားဒေသတို့မှ ကြက်သွန်နီ (၈၀၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိ ကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၃၂၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ပခုက္ကူ ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၀၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၉၀၀၊ မြင်းခြံကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၀၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၉၀၀၊ မြစ်သားကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၃၁၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၄၀၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၄၂၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၄၃၀၀၊  ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၁၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၄၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၈၀၀၊  မလိုင်ကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၉၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၉၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၄၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၇၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိ ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)