မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    ဇန်နဝါရီလ ပထမပတ်အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံများ၏ ဈေးနှုန်းများမှာ ဆီထွက်သီးနှံဖြစ်သည့် နှမ်းညို(သစ်) တစ်တင်းလျှင် (၈၈၀၀၀-၈၉၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်  (၁၀၀၀၀-၁၀၅၀၀၀)ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၄၂၀၀-၄၃၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်လနှင့် ယခုလကာလတူနှိုင်းယှဉ်လျှင် နှမ်းညို တစ်တင်းလျှင်(၃၀၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာပြီး နှမ်းဖြူဈေးနှင့် ဆီ၊ ပဲဖတ်၊နှမ်း ဖတ်နေကြာဖတ် ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိပါသည်။

      ပဲမျိုးစုံဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနှင့်ထောပတ်ပဲဈေးနှုန်းမှာ ပဲစဉ်းငုံအသစ် တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ် ၊ထောပတ်ပဲ တစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ ကုလားပဲ တစ်တင်းလျှင်(၈၈၀၀၀-၉၀၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    အခြားသီးနှံဈေးနှုန်းများမှာ ဝါ တစ်ပိဿာလျှင် (၃၀၀၀-၃၃၀၀)ကျပ်၊ ကြက်သွန်နီ(သစ်) တစ်ပိဿာလျှင် (၂၇၀၀-၃၀၀၀)ကျပ်၊ ငရုတ်သစ် တစ်ပိဿာလျှင်(၉၅၀၀-၁၀၀၀၀)ကျပ်ရှိပြီး ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် ဝါ တစ်ပိဿာလျှင်(၃၀၀)ကျပ်၊ ငရုတ်သစ် တစ်ပိဿာလျှင်(၅၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင်(၁၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ်မြှင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)