တိုက်ကြီးမြို့နယ်ရှိ ငါးမွေးမြူရေးလုပ်ငန်း

Powered by Drupal

    တိုက်ကြီးမြို့နယ်တွင် စီးပွားရေးလုပ်ငန်းများစွာအနက် ငါးမွေးမြူရေးလုပ်ငန်းကို ခုနစ်ကျိုက်အရှေ့ကျေးရွာတွင် စားသုံးသူများအဆင်ပြေစေရန်အလို့ငှာ (၁၈)ဧကမွေးမြူထားပါသည်။ ငါးမြစ်ချင်း၊ ငါးမုန့်၊ ငါးတန်များ စသည့် ငါးအမျိုးအစားမျာကိုမွေးမြူထားပြီး ငါးမြစ်ချင်းအကောင်ရေ (၄၀၀၀၀)၊ ငါးမုန့်အကောင်ရေ (၁၀၀၀)၊ ငါးတန်အကောင်ရေ (၁၀၀၀၀) အထိ မွေးမြူထားပါသည်။ ပျိုးငါးကိုလည်း ငါးမြစ်ချင်း (၅၀၀၀) ဆန့်တစ်ကန်မွေးမြူထားလျက်ရှိပါသည်။ ငါးမွေးမြူရေးလုပ်ငန်းကို စားသုံးသူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် အဓိကလုပ်ငန်းကြီးတစ်ခုအဖြစ် စနစ်တကျမွေးမြူလျက်ရှိကာ ငါးများကြီးထွားသန်မာစေရန်အတွက် အဓိကအစားအစာအဖြစ် ဖွဲနု၊ ဆန်ကွဲကိုသာ အဓိကထားကျွေးရပါသည်။ ငါးများမှာ တိုက်ကြီးမြို့နယ်အတွင်း၌ လူတို့စားသုံးရန်ဖူလုံမှုရှိသည့်အပြင် ကြည့်မြင်တိုင်ငါးဈေးသို့လည်း သွားရောက်ရောင်းချခဲ့ပြီး ငါးလက်ကားရောင်းဝယ်ရာတွင်လည်း ငါးကောင်အရွယ်အစားအလိုက် တစ်ပိဿာကို ယခုလက်ရှိ၌ ၃၅၀၀ိ/-ကျပ်မှ ၄၀၀၀ိ/-ကျပ်ဈေးနှုန်းဖြင့်သာ ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)