အင်းစိန်ဈေးရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

      ( ၂-၁-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို သွားရောက်ကောက်ယူခဲ့ပါသည်။

   ထိုသို့ဈေးနှုန်းစုံစမ်းရာတွင် အင်းစိန်ဈေးအတွင်းရှိ ဆန်ဈေးနှုန်းများမှာ ကောက်သစ်ပေါ်ချိန်ဖြစ်၍ ဆန်ဟောင်းများမှာ ယခင်အပတ်ထက် အနည်းငယ်ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ကြက်သွန်နီမှာ ဈေးကွက်အတွင်း အဟောင်းများမရှိတော့သဖြင့် အသစ်ဈေးနှုန်းများမှာ မြစ်သားတစ်ပိဿာလျှင် ၄၂၀၀ိ/-ကျပ်မှ ၄၅၀၀ိ/-ကျပ်အတွင်း၊ ကြက်သွန်ဖြူ(ဗမာ) လတ်စ တစ်ပိဿာလျှင် ၂၂၀၀၀ိ/-ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၅၀၀၀ိ/-ကျပ်၊ ငရုတ်ခြောက်(အရှည်) တစ်ပိဿာလျှင် ၁၇၀၀၀ိ/-ကျပ်၊ ငရုတ်ခြောက်(ပု) တစ်ပိဿာလျှင် ၂၄၀၀၀ိ/-ကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၅၀၀ိ/-ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် ၆၆၀၀ိ/-ကျပ်နှင့် သကြားတစ်ပိဿာလျှင် ၄၆၀၀ိ/-ကျပ်ဖြစ်ပြီး အသားငါးဈေးနှုန်းများမှာ ဝက်သားတစ်ပိဿာလျှင် ၁၇၀၀၀ိ/-ကျပ်၊ ကြက်သား (CP) တစ်ပိဿာလျှင် ၁၀၀၀၀ိ/-ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၆၀၀၀ိ/-ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၂၀၀၀ိ/-ကျပ်ရှိပြီး ဟင်းသီးဟင်းရွက်များကိုမူ တညင်းကုန်းဈေးမှ ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)