ရှောင်းမီကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ပထမဆုံးလျှပ်စစ်ကားအား စတင်မိတ်ဆက်

Powered by Drupal

   တရုတ်နိုင်ငံ၏ စမတ်ဖုန်းထုတ်လုပ်သည့် ရှောင်းမီကုမ္ပဏီသည် Xiaomi SU7 ဟုအမည်ပေးထားသည့် ၎င်းတို့၏ ပထမဆုံးသောလျှပ်စစ်ကားကို စတင်ပွဲထုတ်ပြသခဲ့ပြီး မော်တော်ကားလုပ်ငန်းကဏ္ဍသို့ ချဲ့ထွင်ဝင်ရောက်လာခဲ့ကြောင်းသိရပါသည်။

    ကုမ္ပဏီ၏ အလုပ်အမှုဆောင်အဖွဲ့အကြီးအကဲ လိုင်ဂျွန်သည် လာမည့်ဆယ်စုနှစ် ၂ခုအတွင်း ကမ္ဘာ့ထိပ်တန်း ၅ခုစာရင်းဝင် ကားထုတ်လုပ်သည့်လုပ်ငန်းဖြစ်လာပြီး တရုတ်နိုင်ငံ၏ မော်တော်ကားလုပ်ငန်းကဏ္ဍကို ပိုမိုမြင့်တက်လာစေရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

  Xiaomi SU7 ကားများကို လက်ရှိအချိန်တွင် စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်နေပြီး လအနည်းငယ်အတွင်း ပြည်တွင်းဈေးကွက်သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရပါသည်။ ရှောင်းမီအနေဖြင့် ကမ္ဘာ့အင်အားကြီးကားကုမ္ပဏီကြီးများဖြစ်သည့် Telsa နှင့် Porsche တို့နှင့်ယှဉ်ပြိုင်နိုင်ရန်မျှော်မှန်းထားပြီး Xiaomi SU7 ၏ ဒီဇိုင်းအဖွဲ့မှာ ယခင် BMW နှင့် Mercedes-Benz ကုမ္ပဏီတို့တွင် လုပ်ကိုင်ခဲ့ကြဖူးကြောင်းသိရပါသည်။

   Xiaomi SU7 ကို ဗားရှင်း ၂မျိုးဖြင့်ထုတ်လုပ်သွားမည်ဖြစ်ပြီး တစ်မျိုးမှာ တစ်ကြိမ်အားသွင်းထားလျှင် ၆၆၈ကီလိုမီတာအကွာအဝေးထိမောင်းနှင်နိုင်ပြီး နောက်တစ်မျိုးမှာ ၈၀၀ကီလိုမီတာထိမောင်းနှင်နိုင်မည်ဖြစ်ပါသည်။ ကားများကို တစ်နှစ်လျှင် အစီးရေ ၂၀၀၀၀၀ထိထုတ်လုပ်နိုင်သည့် BAIC အုပ်စု၏ ဘေဂျင်းရှိစက်ရုံတွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)