ကရင်ပြည်နယ်၊ ဘားအံမြို့ရှိကျေးရွာများမှ ဒေသခံပြည်သူများသည် စားသုံးသီးနှံအဖြစ် အပိုဝင် ငွေရရှိရန်အတွက် ပိန္နဲပင်များကို မိမိတို့နေအိမ်ခြံဝန်းများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားလျက်ရှိသည်။ ယခုလိုရာသီအချိန်တွင် ပိန္နဲသီးစိမ်းများ စတင်ပေါ်နေပြီးဖြစ်ပါသည်။
အရသာရှိရှိနဲ့ ချက်စားလို့စားကောင်းတဲ့ ပိန္နဲသီးစိမ်းများကို ဘားအံမြို့ပေါ်ရှိ ဈေးများတွင် ဇန်နဝါရီလ ပထမအပတ်မှစတင်၍ ရောင်းချလျက်ရှိပြီး ပေါ်ဦးပေါ်ဖျား ပိန္နဲသီးစိမ်း ဈေးနှုန်းများမှာ ပိန္နဲသီးစိမ်း အနေတော်ကွင်း တစ်ကွင်းလျှင်- ၃၀၀/- ကျပ်၊ နှစ်ကွင်းလျှင်- ၅၀၀/-ကျပ်၊ ပိန္နဲကွင်းပြုတ် တစ်ကွင်းလျှင်- ၅၀၀/-ကျပ်၊ ပိန္နဲသီးစိမ်းတုံးပြီးသာ အတုံးလေးများကို နို့ဆီဘူး တစ်ဘူးလျှင်- ၅၀၀/- ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)