ဒန့်သလွန်သီးများ လှိုင်လှိုင်ပေါ်လာပြီဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်း

Powered by Drupal

   ကရင်ပြည်နယ်၊ ဘားအံမြို့ရှိကျေးရွာများမှ ဒေသခံတောင်သူများသည် ဒန့်သလွန်ပင်များကို စားသုံးသီးနှံအဖြစ် အပိုဝင်ငွေရရှိရန်အတွက် အိမ်ခြံဝန်းများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားလျက်ရှိသည်။

    ဒန့်သလွန်သီးများမှ ဒီဇင်ဘာလမှ စတင်သီးနေပြီးဖြစ်သည့်အတွက် ယခုအချိန်တွင် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါ်လာပြီပဲ ဖြစ်ပါသည်။

    ယခင်စပေါ်ချိန် ဒီဇင်ဘာလတွင် ဒန့်သလွန်သီး ဈေးနှုန်းများမှာ တစ်တောင့်လျှင်- ၂၅၀ ကျပ်၊  သုံးတောင့်စီး(၁)စီးလျှင်- ၇၀၀ ကျပ်နှုန်းဖြင့် ဈေးရောင်းရရှိခဲ့ပြီး ယခုဒန့်သလွန်သီး လှိုင်လှိုင်ပေါ်ချိန်တွင် သုံးတောင့်စီး(၁)စီးလျှင်- ၂၀၀ ကျပ်၊ (၂)စီးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေပြီး ဈေးနှုန်းများကျဆင်း လျက်ရှိကြောင်း သိရသည်။

     လှိုင်လှိုင်ပေါ်နေပြီဖြစ်၍ ဈေးများတွင် အလွယ်တကူဝယ်ယူရရှိနိုင်သည့် ဒန့်သလွန်သီးကို ငါးရံ့/ ငါးခြောက်/ကြက်ဥ/ဘဲဥတို့ဖြင့် တွဲဖက်၍သော်လည်းကောင်း၊ ပဲကုလားဟင်း၊ သီးစုံချဉ်ရည်ဟင်းအဖြစ်လည်းကောင်း၊ ဒန့်သလွန်သီးတောင့်ကို အစိမ်းလိုက်(သို့မဟုတ်)မီးကင်ပြီး အတွင်းသားနှင့် အစေ့တို့ကို ဇွန်းဖြင့်ခြစ်ကာ ကြက်ဥဖြင့် မွှေကြော်၍သော်လည်းကောင်း၊ ဘူးသီးနုနုဖြင့် ကြော်ချက်ဟင်းအဖြစ် လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးခြင်းဖြင့်  ထမင်းမြိန်စေပြီး  အလွန်စားကောင်းတဲ့သီးနှံတစ်မျိုးပင်ဖြစ်ကြောင်း သိရသည်။  

DOCA(ကရင်)