တရုတ်နိုင်ငံ နှင့် မော်လ်ဒိုက်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု

Powered by Drupal

   မော်လ်ဒိုက်နိုင်ငံ၊ သမ္မတမိုဟာမက်မီဇူးသည် တရုတ်နိုင်ငံသို့ တနင်္လာနေ့ မှ သောကြာနေ့အထိ အလည်အပတ်သွားရောက်သွားမည်ဖြစ်သည်။

  တရုတ်နိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံတို့၏ ဆက်ဆံရေးအခြေအနေသည် စတင်မှတ်သစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုအလည်အပတ်ခရီးစဉ်သည် နိုင်ငံနှစ်နိုင်ငံကြား ပိုမိုမြင့်မားသည့် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက်လမ်းညွှန်ချက်များ ချမှတ်နိုင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က ပြောကြားခဲ့ပါသည်။

    ကုန်သွယ်ရေး အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်ပြီး အဓိက ဆွေးနွေးသွားမည်ဟု မျှော်လင့်ကြောင်း တောင်အာရှလေ့လာရေးဗဟို၏ လက်ထောက်ညွန်ကြားရေးမှူး လင်မင်းဝမ်က ဖူဒန်တက္ကသိုလ်တွင် ပြောကြား ခဲ့ပါသည်။

     တရုတ်နိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံတို့၏ ကုန်သွယ်ရေးမှာပြီးခဲ့သည့် လွန်ခဲ့သည့်နှစ်များ အတွင်း ပုံမှန်တိုးတက်လျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံရေးကုန်သွယ်မှုမာဏမှာ ဒေါ်လာ ၄၅၁.၃၅ သန်း ရှိခဲ့ကြောင်း သိရှိရပါသည်။

    တရုတ်နိုင်ငံမှ ပင်လယ်စာများနှင့် ရေထွက်ပစ္စည်းများကို မော်လ်ဒိုက်နိုင်ငံမှ တင်သွင်းပြီး စက်ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ပြန်လည်တင်ပို့လျက်ရှိပါသည်။

    BRI အတွက် မော်လ်ဒိုက်နိုင်ငံ၏ အခြေခံအဆောက်အအုံ တည်ဆောက်မှုများတွင် တရုတ် နိုင်ငံက အဓိကနေရာတွင် တည်ရှိနေပါသည်။ တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတား တည်ဆောက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ခြင်းနှင့် တခြား စီမံကိန်းအချို့ကို စတင်နေပြီ ဖြစ်ကြောင်း သိရပါသည်။

      ခရီးသွားလုပ်ငန်းသည် မော်လ်ဒိုက်နိုင်ငံစီးပွားရေး၏ အဓိက အသက်သွေးကြောဖြစ်ပြီး တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ရောဂါ မတိုင်မီ ဆယ်နှစ်တာကာလအတွင်း မော်လ်ဒိုက်နိုင်ငံ၏ အဓိက ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်သည့် နိုင်ငံဖြစ်ကြောင်း သိရပါသည်။

Source – CGTN

DOCA(ရန်ကုန်)