မြန်မာ့လူမျိုးတို့အကြိုက် ရာသီပေါ်တို့စာရာ “ခံတတ်ချဉ်” ဈေးကွက်

Powered by Drupal

    ငါးပိနှင့်တို့စရာတို့ကို မြန်မာထမင်း၊ ဟင်း၊ ဟင်းချိုတို့နှင့်အတူ မြန်မာလူမျိုးတို့ အဓိကစားသုံးလျက်ရှိပြီး ထမင်းကို ဟင်းနှင့်တွဲဖက်၍ မစားရစေကာမူ ငါးပိ၊ တို့စရာတို့နှင့်တွဲဖက်၍ မစားရလျှင် ထမင်းမြိန်မြိန်စားသောက်ရသည်ဟု မြန်မာတို့က မယူဆကြောင်း၊  အထူးသဖြင့် တောင်သူလယ်သမားနှင့် အခြေခံလူတန်းစားများမှာမူ ငါးပိကို မပါမဖြစ် အဓိက အစားအစာတစ်ခုအဖြစ် စားသုံးလျက်ရှိပါသည်။

    ရာသီပေါ် ခံတက်ရွက်နုများကို အချဉ်တည်ကာ တို့စရာခံတက်ချဉ်များအဖြစ် အချဉ်ဖောက်ကာ ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် လက်သုပ်အဖြစ် သုပ် စားလေ့ရှိကြသည်။ ပုသိမ်မြို့ဒေသအနီးရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ (၃) ရက်ခြားတစ်ခါပြုလုပ်၍ ပုသိမ်မြို့အတွင်းရှိစျေးကွက်သို့ တင်ပို့ရောင်းချပြီး မိသားစုအပိုဝင်ငွေရရှိလျက် ရှိ‌ကြောင်းသိရသည်။

    ခံတက်ရွက်နုနုကို ဦးစွာပထမ ဆားရည်စိမ်၍ (၁) ညသိပ်ပြီး နောက်နေ့နံနက်လျှင် ရေအသစ်လဲကာ အိုးသန့်သန့်ထဲသို့ထည့်၍ ဆန်ဆေးရေ၊ ဆား၊ ထမင်းအနည်းငယ်ကိုထည့်၍ ဖက်လုံလုံ ဖြင့်ပိတ်ထား၍ အချဉ်တည်ကြပါသည်။ တချို့မှာမူ မန်ကျည်းမှည့်ဖြင့်ပြုတ်၍လည်း အချဉ်တည်စားသုံးလျက်ရှိသည့်အပြင် ခံတက်ချဉ်ကို ခရမ်းချဉ်သီးငါးပိချက်၊ ငါးငါးပိရည်ကျို၊ ငရုတ်သီး စပ်စပ်ဟင်းများနှင့်တွဲကာ တို့စရာအဖြစ် တွဲဖက်စားသောက်လေ့ရှိပြီး ဈေးနှုန်းမှာ ခံတက်ချဉ်တစ်စည်းလျှင် (၂၀၀-၃၀၀-၄၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ဈေးကွက်၌ အသီးသီးရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)