မုံရွာမြို့နယ်တွင် ဆီးပန်းသီးများကို ခူးဆွတ်ရောင်းချလျက်ရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ သက္ကယ်ချင်း၊ လယ်ဇင်၊ ပုလ္လင်၊ ဇီးကျွန်းနှင့် မအူကျေးရွာများ၌ ဆီးပန်းသီးပင်များကို အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။ တစ်ဧကလျှင် ၁၅ပေပတ်လည်အကျယ်ဖြင့် အပင်၁၀၀ခန့်စိုက်ပျိုးနိုင်ပြီး ဇွန်လ (သို့မဟုတ်) ဇူလိုင်လမှစတင်၍ ဆီးပန်းသီး ကိုင်းကူးပျိုးပင်တစ်ပင်လျှင် ငွေကျပ်၄၀၀နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကာ နိုဝင်ဘာလ ဒီဇင်ဘာလနှင့် ဇန်နဝါရီ လတို့တွင် ဆီးပန်းသီးပင်များကို ခူးဆွတ်ရောင်းချရကြောင်းသိရသည်။ ဆီးပန်းသီးတစ်ဧကမှ  တစ်နေ့လျှင် ဆီးပန်းသီး ပြည်၆၀ကျော် (လေးတင်းခန့်)ခူးဆွတ်ရရှိကြောင်းနှင့် ဆီးပန်းသီးတစ်ပြည်လျှင် ငွေကျပ်၁၅၀၀နှုန်း၊ လက်ရွေးတစ်ဖာလျှင် ငွေကျပ်၁၅၀၀၀နှုန်းဖြင့် မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် ဆိုင်များဖွင့်လှစ်ရောင်းချခြင်းနှင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ မြေပြုပြင်ခြင်း၊ မြေဩဇာနှင့် လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၁၄သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ဆီးပန်းသီး ပြည်၂၀၀၀ကျော်ခန့်ထွက်ရှိရာ ဝင်ငွေအနေဖြင့် ငွေကျပ် သိန်း၃၀ခန့်ရရှိကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် ငွေကျပ်တစ်ဆယ့်ခြောက်သိန်းခန့်ရရှိကာ တွက်ချေကိုက်၍ အဆင်ပြေနေကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)