မကွေးမြို့နယ်၏ စက်သုံးဆီစျေးနှုန်းအခြေအနေ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

      မကွေးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ဓာတ်ဆီ (92) (၁)လီတာလျှင် ကျပ်(၂၆၀၀)၊ ဓာတ်ဆီ (95) (၁)လီတာလျှင် ကျပ်(၂၇၀၅)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၄၈၅)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာလျှင် ကျပ်(၂၅၃၀)နှုန်းဖြင့်ရောင်းချခဲ့ပြီး ဒုတိယအပတ်တွင် ဓာတ်ဆီ (92) (၁)လီတာလျှင် ကျပ် (၂၅၈၀)၊ ဓာတ်ဆီ (95) (၁)လီတာလျှင် ကျပ် (၂၆၈၀)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၃၆၅)၊ ဒီဇယ် (ပရီမီယံ) (၁)လီတာလျှင် ကျပ်(၂၄၅၀)ဖြစ်၍ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) (၁)လီတာလျှင် ကျပ် (၂၀)၊ ဓာတ်ဆီ (95) (၁)လီတာလျှင် ကျပ် (၂၅)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ် (၁၂၀)၊ ဒီဇယ် (ပရီမီယံ) (၁)လီတာလျှင် ကျပ်(၈၀) စသည်ဖြင့် စျေးနှုန်းအသီးသီးကျဆင်းလျက်ရှိပြီး အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)