ကံမမြို့နယ်၏ ဆောင်းနေကြာနှင့် ဆောင်းမြေပဲသီးနှံများစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများသွင်းအားစုအမှန်တကယ်သုံးစွဲမှုရှိစေရေး၊ အရည်အသွေးပြည့်မီသည့်သီးနှံများ အထွက်နှုန်းကောင်းမွန်စွာရရှိစေရေး၊ ထွက်ရှိလာသည့်သီးနှံများကို အစုအဖွဲ့စနစ်ဖြင့် ရောင်းချနိုင်ရေးရည်ရွယ်၍ ဆောင်းသီးနှံနေကြာများကို ကျေးရွာအုပ်စု(၅၄)အုပ်စုတွင်စိုက်ပျိုးထားပြီး ကံမမြို့နယ်၊ ဓမ္မသော်ကျေးရွာအုပ်စု၊ ဓမ္မသော်ကျေးရွာမှ တောင်သူများစိုက်ပျိုးထားရှိသော ဆောင်းနေကြာသီးနှံဧက(၃၉၃)ဧကမှာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပါသည်။

     ဆီထွက်သီးနှံဖြစ်သော ဆောင်းနေကြာကို  (၆၃၀၂)ဧကနှင့် ဆောင်းမြေပဲကို (၄၆၃၁)ဧကလျာထားပြီး  စိုက်ပျိုးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့ထိ ဆောင်းနေကြာသီးသန့် စိုက်ဧက (၃၃)ဧကနှင့် သီးညှပ်စိုက်ဧက(၁၂၁၁)ဧက စုစုပေါင်းစိုက်ပျိုးပြီးသည့်ဧက(၁၂၄၄)ဧကနှင့် ဆောင်းမြေပဲ (၅၂၃၇)ဧကကို အောင်မြင်စွာစိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မကွေး)