၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်၌ ကျွန်းလှမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

   မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

  စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၂၈၄၀)၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၂၉၄၅)၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၅၉၅)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၆၉၅)ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ယခု ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၂၈၁၅)၊ ဓာတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၂၉၄၀)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၆၄၀)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၇၂၀)ဖြင့်ရောင်းချသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92)တစ်လီတာလျှင် ကျပ်(၂၅)၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၅)ကျပ်ကျဆင်းလျက်ရှိကြောင်းနှင့် ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် ကျပ်(၄၅) ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၂၅)ဖြင့် ယခင်အပတ်ထက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကျွန်းလှမြို့ ၊ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)